နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် အလုပ်သမားကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် အလုပ်သမားကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး
Published 8 September 2023

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကူဝိတ်နိုင်ငံသံအမတ်ကြီး မစ္စတာမူဘာရက်(ခ်) အမ်အေအလက်ဝါနီကို စက်တင်ဘာ ၇ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကူဝိတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့်အလုပ်သမား အစရှိသော ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်သွားရေးနှင့် လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် အထူးသဖြင့် အာဆီယံ- အာရပ် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် ကုလသမဂ္ဂမူဘောင်အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent