ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်း ပြုလုပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်း ပြုလုပ်
Published 5 September 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ကို ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ ၃၅ မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးစေခြင်းများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent