ပြီးခဲ့တဲ့ နွေရာသီမှာ ထိပ်တန်းကစားသမားများစွာ ခေါ်ယူအားဖြည့်ထားတဲ့ PSG အသင်းက ဖရန့်ဖတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး မူအာနီကိုလည်း ယူရိုသန်း (၉၀) နဲ့ ခေါ်ယူခဲ့တာပါ။ အသက် (၂၄)နှစ်အရွယ် မူအာနီက PSG နဲ့ (၅) နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် (၂၃)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ လက်ရှိ PSG တိုက်စစ်မှာ ဘာပေ၊ ဒမ်ဘီလီ၊ ဟယ်မို့စ်၊ အဆန်စီယိုနဲ့ မူအာနီတို့ တွဲဖက်ကစားသွားမှာလည်းဖြစ်ပါတယ်။ PSG ကစားသမား ဖြစ်လာပြီးနောက် အသင်းနဲ့အတူ (၇၅)စက္ကန့်ကြာ ပြုလုပ်ခဲ့တဲ့ မူအာနီရဲ့ အင်တာဗျူးကို ဖော်ပြလိုက်ပါတယ် . . .















