စပိန်မြေက အင်္ဂလန်ဘောလုံးသမားတွေနဲ့ သိပ်ပြီး အကျွမ်းတဝင်မရှိတဲ့ နယ်မြေလို့ ဆိုနိုင်ပါတယ်။ အင်္ဂလန်ဘောလုံးသမားတွေက ပြည်ပကို ထွက်ခွာကစားတာ နည်းပါးတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဘောလုံးလောကရဲ့ အကျော်ကြားဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ကို ပိုင်ဆိုင်ထားသလို၊ အောက်အဆင့်ဖြစ်တဲ့ လိဂ်ချန်ပီယံရှစ်ကလည်း တချို့သော ဥရောပရဲ့ ပထမတန်းစားလိဂ်ပြိုင်ပွဲတွေထက်တောင် ပိုမြင့်တဲ့အဆင့်မှာ ရှိနေပါတယ်။ ဒီတော့ အင်္ဂလန်ကစားသမားတွေအနေနဲ့ ပြည်ပထွက်ကစားဖို့ မလိုအပ်တော့သလိုပါပဲ။ လက်ရှိအချိန်မှာ ပြိုင်ဘက်ထိပ်သီးလိဂ်(၄)ခုကို ရောက်နေတဲ့ အင်္ဂလန်ကစားသမားက လက်ချိုးရေတွက်လို့ ရနိုင်ပါတယ်။ စီးရီးအေကို ရောက်နေတဲ့ အင်္ဂလန် ကစားသမားအရေအတွက်က အများဆုံးဖြစ်နေပြီး စပိန်လာလီဂါမှာတော့ ဘယ်လင်ဟမ် တစ်ဦးသာ ရှိပါတယ်။ စာရင်းအရတော့ အယ်မယ်ရီယာအသင်းက အာဗင်အပီယာ့လည်းရှိပေမဲ့ ရိုသာဟမ်အသင်းဆီ အငှားချခံထားရတာကြောင့် ဘယ်လင်ဟမ်တစ်ဦးတည်း စပိန်မြေမှာ ရှိနေတာပါ။ ဒါပေမဲ့ ဘယ်လင်ဟမ်တစ်ဦးတည်းရဲ့ အလင်းကပဲ စပိန်မြေမှာ တောက်ပလွန်းနေခဲ့ပါတယ်။ မြင့်မားတဲ့ ကိုယ်ပိုင်အရည်အသွေး ရှိထားတဲ့ ကစားသမားဖြစ်တာကြောင့် စပိန်မြေနဲ့ ရီးယဲလ်အသင်းမှာ လင်းလက်တောက်ပမယ့် ကစားသမားအဖြစ် ထင်ကြေးပေး ယုံကြည်ထားပြီးသားဖြစ်ပေမဲ့ ဘယ်လင်ဟမ်က မျှော်လင့်ထားတာထက် ပိုပြီးလင်းတဲ့ ကြယ်တစ်ပွင့် ဖြစ်နေခဲ့တာပါ။ လာလီဂါ(၄)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကစားသမား၊ လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆု ရယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့အတူပါ။
ပို၍လင်းသော ကြယ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















