မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေတပ်ဦးစီးအရာရှိများ ရန်ကုန်မြို့တွင် တွေ့ဆုံ၍  ပူးပေါင်းကင်းလှည့်ခြင်းအပါအဝင် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေတပ်ဦးစီးအရာရှိများ ရန်ကုန်မြို့တွင် တွေ့ဆုံ၍  ပူးပေါင်းကင်းလှည့်ခြင်းအပါအဝင် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုး
Published 4 September 2023

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေတပ်ဦးစီးအရာရှိများ ရန်ကုန်မြို့တွင် စက်တင်ဘာ ၁ ရက်တွင် တွေ့ဆုံ၍  ပူးပေါင်းကင်းလှည့်ခြင်းအပါအဝင် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ  ဆွေးနွေးခဲ့ပြီးဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks)သို့ တက်ရောက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ Commondore Mustaque Ahmed,(G),NPP,Pcs,BN ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိပြီး တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ်ကျော်ကျော် ထူးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့နှစ်နိုင်ငံရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးရာတွင် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းကင်းလှည့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်စစ်ရေယာဉ်များနှင့် အရာရှိ၊ စစ်သည်များ အပြန်အလှန်အလည် အပတ်ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက် ဖလှယ်ခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့်ပင်လယ်ပြင်ညစ်ညမ်းမှုကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။     

ထို့နောက်ဆွေးနွေးပွဲမှ ဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂ ရက်တွင် ဆက်လက်ပြုလုပ်ပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေး အပ်ခဲ့ကြောင်းသည်။

ယင်းနောက် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိ ကြီးများနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ပို့ ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

         

 

Most Read

Most Recent