ဒက်ကလန်ရိုက်စ်ကို ဆုံးရှုံးထားတဲ့ ဝက်စ်ဟမ်းအသင်းက ဆောက်သမ်တန်အသင်းခေါင်းဆောင် ဂျိမ်းစ်ဝက်ဒ်ပရောက်ကို ပေါင်သန်း (၃၀)နဲ့ ပြန်လည်အားဖြည့်ခဲ့တာပါ။ အသက် (၂၈)နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူက (၈)နှစ်အတွင်း ဆောက်သမ်တန်အတွက် ပွဲ (၄၁၀)ကစားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကွင်းလယ်လူအဖြစ် သက်သေပြထားသူဖြစ်ပါတယ်။ ဝက်စ်ဟမ်းမှာလည်း သူက ပရီးမီးယားလိဂ် (၂)ပွဲသာကစားရသေးချိန်မှာ သွင်းဂိုး (၁)ဂိုး၊ ဂိုးဖန်တီးမှု (၂)ကြိမ်နဲ့ ခြေစွမ်းပြကစားနေပါတယ်။ ပရီးမီးယားလိဂ် သွင်းဂိုး (၅၀)သွင်းယူထားတဲ့ ဝက်ဒ်ပရောက်ရဲ့ ရာသီသစ်ပေါ် အမြင်နဲ့ ရင်ခုန်သံတွေကို ဖော်ပြလိုက်ပါတယ် . . .















