ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာ (၂၀၂၃) အရ အကြမ်းဖက်အုပ်စုများသည် မောင်းသူမဲ့ဒရုန်းများကို အသုံးပြုလာရာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာဟု နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွင် မြန်မာပြည်ထဲရေးဝန်ကြီး ဆွေးနွေး

ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာ (၂၀၂၃) အရ အကြမ်းဖက်အုပ်စုများသည် မောင်းသူမဲ့ဒရုန်းများကို အသုံးပြုလာရာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာဟု နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွင် မြန်မာပြည်ထဲရေးဝန်ကြီး ဆွေးနွေး
Published 25 August 2023

ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာ (၂၀၂၃) အရ အကြမ်းဖက်အုပ်စုများသည် မောင်းသူမဲ့ဒရုန်းများကို အသုံးပြုလာရာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

သြဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ လာဘွန်ဘာဂျိုးမြို့တွင် ကျင်းပသည့် (၁၇) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministerial Meeting on Transnational Crime and its Related Meetings- 17th AMMTC) ကို ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

(၁၇) ကြိမ်မြောက်နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး ပထမနေ့ကို သြဂုတ် ၂၁ ရက်တွင် မယ်ရိုရာဟိုတယ်၊ ကိုမိုဒိုခန်းမတွင် ကျင်းပရာ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ AMMTC  ခေါင်းဆောင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခြင်း၊ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံ၏ဖြစ်ပေါ်တိုးတက်မှု လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ အာဆီယံလူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဌာနများ၏ (၂၆) ကြိမ်မြောက် အစည်းအဝေးများ၏ အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ၏ AMMTC ခေါင်းဆောင်/ဝန်ကြီးအဆင့်များ က အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးရာ မြန်မာနိုင်ငံ၊ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အကြမ်းဖက်မှုကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အာဆီယံ၏ဦးဆောင်မှုဖြင့် စုစည်းမှုအားကောင်းသည့် ဒေသဆိုင်ရာအဆင့် ချဉ်းကပ်မှုရှိရန်လိုအပ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာ (၂၀၂၃) အရ အကြမ်းဖက်အုပ်စုများသည် မောင်းသူမဲ့ဒရုန်းများကို စတင်အသုံးပြုလာရာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံတွင် အမည်အမျိုးမျိုးဖြင့်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်း PDFs များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ၊ ရဟန်းသံဃာ၊ သီလရှင်သေဆုံးမှုများ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦ၊ လမ်း၊ တံတား၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး တာဝါတိုင်/အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ၊ Online လိမ်ညာမှုနှင့် ဆက်စပ်ဖြစ်ပေါ်နေသော လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်နေမှုများ၊ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဒေသတွင်း ရာဇဝတ်မှုခင်းများတိုက်ဖျက်ရေးတွင် ဒေသအဆင့်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိရောက်အားကောင်းစေရန် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

17th AMMTC အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ထုတ်ပြန်ကြေညာချက်သုံးရပ်၊ ပူးတွဲကြေညာချက်တစ်ခုနှင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ လက်နက်မှောင်ခိုမှုများဆိုင်ရာ လုပ်ငန်းစီမံချက်လေးခု၊ ပေါင်းရှစ်ခုတို့ကို အသေးစိတ်ဆွေးနွေး/အကြံပြုခဲ့ကြပြီး အတည်ပြုခဲ့ကြောင်း သိရသည်။