ထိုင်းဘတ်(Thai Baht)အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်သည်။
သြဂုတ် ၁၄ ရက်က ထိုင်းဘတ်(Thai Baht)အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးကို ရည်ရွည်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(Authorized Dealer-AD)လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်(Thai Baht) အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းဘတ်အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ် ဗဟိုဘဏ် သတ်မှတ်လိုက်ပြီးနောက် သြဂုတ် ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ထိုင်းဘတ် တစ်ဘတ်လျှင် မြန်မာငွေ ကျပ် ၁၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ဩဂုတ်လ ၁၅ ရက် ညနေပိုင်းက နိုင်ငံခြားငွေကြေးစျေးကွက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ရောင်းစျေး ရောင်းဈေး ၃၆၄၀ ကျပ်၊ ဝယ်ဈေး ၃၅၄၀ ကျပ် အထိ ရှိခဲ့ပြီး စင်ကာပူ တစ်ဒေါ်လာလျှင်ရောင်းဈေး ၂၆၇၀ ကျပ်၊ ဝယ်ဈေး ၂၅၇၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ်လျှင် ရောင်းဈေး ၇၈၅ ကျပ်၊ ဝယ်ဈေး ၇၇၀ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ရောင်းဈေး ၅၁၀ ကျပ်၊ ဝယ်ဈေး ၄၇၅ ကျပ် ပေါက်စျေးရှိခဲ့ကြောင်း နိုင်ငံခြားငွေကြေးစျေးကွက်မှ သိရသည်။















