ရာဗီနှင့် နက်ဖ်လာတို့ စစ်မှုမထမ်းမနေရဥပဒေကို ချိုးဖောက်မှုဖြင့် ပြစ်ဒဏ်များချမှတ်ခံရ

ရာဗီနှင့် နက်ဖ်လာတို့ စစ်မှုမထမ်းမနေရဥပဒေကို ချိုးဖောက်မှုဖြင့် ပြစ်ဒဏ်များချမှတ်ခံရ
Photo: Allkpop
Photo: Allkpop
Published 12 August 2023

တောင်ကိုရီးယား ရက်ပ်အဆိုတော်များ ဖြစ်ကြသည့် ရာဗီနှင့်နက်ဖ်လာတို့သည် စစ်မှုမထမ်းမနေရ ဥပဒေကို ချိုးဖောက်မှုဖြင့် ပြစ်ဒဏ်များချမှတ်ခံခဲ့ရသည်ဟု သိရသည်။

သြဂုတ် ၁၀ ရက်က အမှတ် ၇ ဆိုးလ်တောင်ပိုင်းခရိုင်တရားရုံးက ရာဗီကို ထောင်ဒဏ် တစ်နှစ်နှင့် ခြေချုပ်ကာလနှစ်နှစ်အပြင် နာရီ ၁၂၀ ကြာ လူမှုအဖွဲ့အစည်းများတွင် ပါဝင်ကူညီရမည့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထို့ကြောင့် ယင်းခြေချုပ်ကာလ နှစ်နှစ်အတွင်းတွင် သတ်မှတ်ချက်များကို ချိုးဖောက်မှုမရှိလျှင် ထောင်ထဲတွင် နေရမည်မဟုတ်ဟူသည့်သဘောဖြစ်သည်။

နက်ဖလာကမူ ထောင်ဒဏ်တစ်နှစ်ချ မှတ်ခံခဲ့ရသည်။ အစိုးရရှေ့နေများက ရာဗီနှင့် နက်ဖ်လာတို့ကို ထောင်ဒဏ် နှစ်နှစ်နှင့်နှစ်နှစ်ခွဲစီ အသီးသီးချမှတ်ရန် အစောပိုင်းတွင် တောင်းဆိုခဲ့သည်။

ရာဗီသည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ၎င်း၏စစ်မှုမထမ်းမနေရဌာနတွင် စာရင်းပေးခဲ့ပြီး လူမှုဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။

ရာဗီသည် ကျန်းမာရေးပြဿနာများမရှိသော်လည်း ၎င်းအား စစ်မှုထမ်းဆောင်ရမည့်ဆုံးဖြတ်ချက်ကို ပြောင်းလဲစေရန်အတွက် ဝက်ရူးပြန်ရောဂါရှိဟန်ဆောင်ခဲ့ကာ စစ်ဘက်ဆိုင်ရာဝန်ဆောင်မှု အကျိုးဆောင်နှင့် ဝမ်သန်း ၅၀ စာချုပ်ချုပ်ဆိုခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်း နက်ဖလာသည် လူမှုဝန်ဆောင်တစ်ဦးအဖြစ် စာရင်းသွင်းခဲ့သည်။ သူသည် စစ်မှုထမ်းဆောင် ရမည့်အရေးကို ရှောင်ရှားနိုင်ရန်အတွက် အကျိုးဆောင်နှင့်လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့ပြီး ပြည်သူ့ဝန်ထမ်း ပါဝင်လုပ်ဆောင်မှုမှတ်တမ်းအမှားများကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent