၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၉ သန်းနီးပါးရရှိခဲ့ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၁၈ သန်းကျော်တင်ပို့

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၉ သန်းနီးပါးရရှိခဲ့ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၁၈ သန်းကျော်တင်ပို့
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 10 August 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၉ သန်းနီးပါးရရှိခဲ့ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၁၈ သန်း ကျော်တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ -၂၀၂၄ဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ ပြည်ပသို့ သစ်တောထွက် ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၁၈ ဒသမ ၆၂၃ သန်းရရှိခဲ့သည်။  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၁၈ ဒသမ ၁၂၁ သန်း တင်ပို့ထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဒေါ်လာဝ ဒသမ ၅၀၂ သန်းဖြင့် ဒေါ်လာ ၁၈ ဒသမ ၆၂၃ သန်းရရှိခဲ့ခြင်းဖြစ်သည်။

နှစ်အလိုက် ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၇၄ ဒသမ ၇၈၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၁၅၄ ဒသမ ၀၆၆ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ၁၂၈ ဒသမ ၀၇၂ သန်း၊ ၂၀၂၁-၂၀၂၂ Mini Budget ကာလအတွင်း ဒေါ်လာ ၈၃ ဒသမ ၉၀၁ သန်း ရရှိခဲ့သည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ၉၀၆၈ ဒသမ ၉၁၄ သန်း ဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန် ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent