■ ရပ်ရှ်ဖို့ဒ်က တစ်ရာသီကို ဂိုး (၄၀) သွင်းယူနိုင်မလား    

■ ရပ်ရှ်ဖို့ဒ်က တစ်ရာသီကို ဂိုး (၄၀) သွင်းယူနိုင်မလား    
Photo : Getty Images
Photo : Getty Images
Published 10 August 2023
AK

ဗန်ဟားလ်ကို ကျေးဇူးတင်စရာတစ်ခုရှိတယ်။ ရပ်ရှ်ဖို့်ဒ်ကို စင်တင်ပေးခဲ့လို့ပါပဲ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မန်ယူအကယ်ဒမီရဲ့အကောင်းဆုံးထုတ်ကုန်တစ်ခုဟာ ရပ်ရှ်ဖို့ဒ်မဟုတ်လား။ မန်ယူရဲ့ ပျောက်ဆုံးနေတဲ့ အဆုံးသတ်သမားကဏ္ဍဟာ ရပ်ရှ်ဖို့ဒ် ပခုံးပေါ် ရောက်နေတာကြာပြီ။ သူက အထောင်တိုက်စစ်မှူး စစ်စစ်မဟုတ်ပါဘူး။ ဟာရီကိန်း၊ ဟော်လန်း၊ လီဝန်ဒေါစကီးတို့လောက်လည်း အဆုံးသတ်သေချာသူမဟုတ်ဘူး။ ဒါပေမဲ့ ရပ်ရှ်ဖို့ဒ် တဖြေးဖြေးတိုးတက်လာတယ်။ သူ အနှစ်သက်ဆုံးနေရာဟာ ဘယ်တောင်ပံတိုက်စစ်ဖြစ်ပြီး အတွင်းဝင်၊ ဆွဲပြေးကန်သွင်းမှုတွေလုပ်ရတာ ရပ်ရှ်ဖို့ဒ် ပိုသဘောကျပါလိမ့်မယ်။ သမိုင်းပေးတာဝန်က အဆုံးသတ်သမားကောင်းဖြစ်ရေးဆိုတာလည်း ရပ်ရှိဖို့ဒ် နားလည်ထားတယ်။

 

Most Read

Most Recent