မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စိတ်ကြိုက်ပြင်ဆင်ထားသော ခရီးစဉ်အတိုင်း ငှားရမ်းပျံသန်းနိုင်

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စိတ်ကြိုက်ပြင်ဆင်ထားသော ခရီးစဉ်အတိုင်း ငှားရမ်းပျံသန်းနိုင်
Published 9 August 2023

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်းနှင့် အာရှပစိဖိတ် ဒေသများသို့ စိတ်ကြိုက်ပြင်ဆင်ထားသော ခရီးစဉ်အတိုင်း ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သော အချက်အလက်များကို [email protected] email ပေးပို့၍ အသေးစိတ်မေးမြန်းနိုင်မည်ဖြစ်သည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေ ကြောင်း လိုင်း (MNA) နှင့် စင်ကာပူနိုင်ငံရှိ ComfortDelGro Taxi တို့ပူးပေါင်းပြီး (MNA) ရန်ကုန်-စင်ကာပူအသွားအပြန် လက်မှတ်ရရှိနိုင်မည့် Lucky Draw အစီအစဉ် စတင်ခဲ့ကြောင်း သိရသည်။

ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန် CDG Zig App Zig Rewards catalogue နေရာတွင် Zig Points  ၅၈ Points လျှင် ကံစမ်းမဲတစ်စောင်ကျ လဲလှယ်ထုတ်ယူနိုင်ပြီး အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ Points ရှိသလောက် စိတ်ကြိုက်လဲလှယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကံစမ်းမဲကာလအား ၂၀၂၃ခုနှစ်၊ သြဂုတ် လ ၃၁ရက်နေ့အထိ သတ်မှတ်ပေးထားပြီး Zig Points များများစုလျှင် ကံစမ်းမဲအ စောင်ရေများများလဲလှယ်၍ ရန်ကုန်-စင်ကာပူအသွား အပြန်လက်မှတ်အား ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA application တွင် Search flights ,Book flight, Make payment,Check flight status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက Sole Charterer - Interconnection Travels နှင့် ပူးပေါင်း၍ လာမည့် စက်တင်ဘာမှ စတင်ကာ ရန်ကုန်-ဂယာ-ရန်ကုန် ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ် ပျံသန်းမည် ဖြစ်ကြောင်းသတင်း ရရှိသည်။

ရန်ကုန်-ဂယာ-ရန်ကုန်ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ်တွင် အသွား အပြန်ခရီးစဉ်လက်မှတ်အား ၄၃၅ ဒေါ်လာမှစတင်ရောင်းချမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သတ်မှတ်ချက်များကို အတိအကျလိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း ခရီးသည်များအနေဖြင့် မိမိသွားရောက်လိုသည့် ခရီးစဉ်အချိန်ဇယားနှင့်စျေးနှုန်းများကို လေကြောင်းလိုင်း Website တွင် အချိန်မရွေး အလွယ်တကူ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent