အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် လေယာဉ်လက်မှတ်များ၊ မိတ်ဖက်များထံမှ Tour Package များနှင့် ဟိုတယ်များ၌ အခမဲ့တည်းခိုခွင့်ဆုမဲများပါဝင်သည့် ကံစမ်းမဲအစီအစဉ်စတင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် လေယာဉ်လက်မှတ်များ၊ မိတ်ဖက်များထံမှ Tour Package များနှင့် ဟိုတယ်များ၌ အခမဲ့တည်းခိုခွင့်ဆုမဲများပါဝင်သည့် ကံစမ်းမဲအစီအစဉ်စတင်
Published 9 August 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် လေယာဉ်လက်မှတ်များ၊ မိတ်ဖက်များထံမှ Tour Package များနှင့် ဟိုတယ်များတွင် အခမဲ့တည်းခိုခွင့်ဆုမဲများ ပါဝင်သည့် ကံစမ်းမဲအစီစဉ်စတင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစီအစဉ်အား Campaign period ဖြစ်သည့် သြဂုတ် ၁ ရက်မှ ၃၁ ရက်အတွင်း (MAI) လက်မှတ်ဝယ်ယူထားသည့် ခရီးသည်တိုင်း အလိုအလျောက်ပါဝင်နိုင်မည်ဖြစ်ပြီး ဆုမဲများ၏ ကံထူးရှင်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် (MAI) ၏ Social Media Channels များတွင် တရားဝင်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လိုင်း (MAI) က ဆိုးလ်မြို့သို့ တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းနေပြီး သြဂုတ် ၁၁ရက်မှ စတင်ကာ ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်အား တစ်ရက်လျှင်နှစ်ကြိမ်တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။           

(MAI) လေကြောင်းလိုင်းသည် သြဂုတ် ၄ရက်မှစတင်ကာ  ရန်ကုန်-စင်ကာပူခရီးစဉ်အား တစ်ရက်နှစ်ကြိမ်တိုး မြှင့်ပျံသန်းခဲ့ ခြင်းဖြစ်ပြီး သြဂုတ် ၁၁ ရက် မှစတင်ကာ ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်အား တစ်ရက်လျှင် နှစ်ကြိမ်စီ တိုးမြှင့်ပျံသန်းသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေ ကြောင်းလိုင်း (MAI) က ရန်ကုန်မြို့မှ ဗီယက်နက်နိုင်ငံ ဟနွိုင်းသို့ တစ်ပတ်သုံးကြိမ်၊ ဟိုချီမင်းသို့ တစ်ပတ်နှစ်ကြိမ်နှင့် ကမ္ဘောဒီးယားသို့ တစ်ပတ်လျှင်သုံးကြိမ် ခရီးစဉ်များပျံသန်းနေသည်။

 အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) သည် ရန်ကုန်-ဟိုချီမင်းခရီးစဉ်အား ၁၁၂ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်-ဖနွမ်းပင် ခရီးစဉ်အား ၁၃၂ ဒေါ် လာမှ စ၍လည်းကောင်း၊ ရန်ကုန်-ဟနွိုင်း ခရီးစဉ် အား ၁၁၂ ဒေါ်လာမှစ၍လည်းကောင်း ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား အထူးလျှော့စျေးဖြင့် ရောင်းချမည့် ၀ါဆိုစျေးရောင်း ပွဲအစီအစဉ်စတင်ခဲ့ပြီး နိုင်ငံတကာခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍ဝယ်ယူနိုင်မည် သတင်းရရှိသည်။

အဆိုပါ ၀ါဆိုအထူးစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ပြည်တွင်းခရီးစဉ်များကို ၁၁၈၅၀၀ မှစတင်၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးသွားခွင့်ကာလမှာ ဇူလိုင် ၁၆ ရက်မှ ၂၀၂၃၊ အောက်တိုဘာ ၂၈ ထိ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၀ါဆိုစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန်-ဒွန်မောင်း ခရီးစဉ်တစ်ကြောင်းစာအား ၅၇ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်တစ်ကြောင်းစာအား ၈၂ ဒေါ်လာမှစတင်၍လည်းကောင်း၊ ယင်းပြင်အခြား ပြည်ပခရီးစဉ်များကိုလည်း သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ် အားတစ်ပတ်လျှင် ၁၂ ကြိမ်ပျံသန်းနေပြီး ၂၅၅ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။

Most Read

Most Recent