“၀” အမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်ရရှိသည့်ပါတီ ၃၅ ပါတီရှိလာ

“၀” အမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်ရရှိသည့်ပါတီ ၃၅ ပါတီရှိလာ
Published 28 July 2023

“၀” အမျိုးသားပါတီကို နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နယ်မြေ(၂)၊ ရပ်ကွက်(၁)၊ သာယာလမ်း၊ အမှတ်(၄၀)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော “၀”အမျိုးသားပါတီ(Wa NATIONAL PARTY)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်မှ စ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်းနှင့် “၀”အမျိုးသားပါတီ၏မှတ်ပုံတင်အမှတ်မှာ (၃၅)ဖြစ်ကြောင်း သိရသည်။

နစကက အသစ်ပြဋ္ဌာန်းသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း  ပါတီမှတ်ပုံတင် လျှောက်ထားခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုလည်း နိုင်ငံရေးပါတီအဖြစ်မှ UEC က ဖျက်သိမ်းခဲ့သည်။

ထို့ပြင် UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိပြီး ၎င်းတို့အနက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လာရောက်လျှောက်ထားသည့် ပါတီ ၁၃ ပါတီနှင့်ပုဒ်မ ၂၅ အရ လာရောက်လျှောက်ထားသည့်ပါတီ ၅၀ ရှိကြောင်း သိရသည်။

ယင်းသို့ လာရောက်လျှောက်ထားသည့် ပါတီများထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့်တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့သည့်ပါတီ ၃၅ ပါ တီရှိပြီဖြစ်သည်။

UECက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံ တင်ခွင့်ပြုခဲ့သည့်ပါတီ ၃၄ ပါတီမှာ(၁) ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ (၂) မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ (၃) ဒီမိုကရေစီပါတီသစ် (ကချင်)၊ (၄) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ (၅) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ (၆) ရခိုင့်ဦးဆောင် ပါတီ၊ (၇) တိုင်းလျန်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊(၈)ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ (၉) ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ (၁၀) ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ၊ (၁၁) မြို တိုင်းရင်းသားပါတီ၊(၁၂)လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ (၁၃) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၄) အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၅) အင်းအမျိုးသားအဖွဲ့ချုပ် ပါတီ၊ (၁၆) ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေး ပါတီ၊ (၁၇) ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ၊ (၁၈) ကရင်ပြည်သူ့ပါတီ၊ (၁၉) ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ (၂၀) နာဂအမျိုးသား ပါတီ၊ (၂၁) ဓနုတိုင်းရင်းသား လူမျိုးများ ဒီမို ကရေစီပါတီ၊ (၂၂) ပြည်သူ့ရှေ့ဆောင် ပါတီ၊ (၂၃) အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ (၂၄)အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ (၂၅) ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ (၂၆) ပြည်သူ့ အလုပ်သမားပါတီနှင့်(၂၇) မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့၊(၂၈)ရှမ်းနှင့် တိုင်းရင်းသားများဒီမို ကရက်တစ်ပါတီ(ကျား ဖြူပါတီ)၊(၂၉)ဒီမိုကရက်တစ်ပါတီ၊ (၃၀) ဒီမိုကရက်တစ်အင်အားစုလေဘာ ပါတီ၊ (၃၁)အမျိုးသမီး ပါတီ(မွန်)၊ (၃၂) မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ (၃၃) အမျိုးသားဒီမိုက ရေစီပါတီသစ်၊ (၃၄) အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီနှင့် “၀” အမျိုးသားပါတီ တို့ဖြစ်သည်။