မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများနှင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအခြေအနေ အပြန်အလှန်ဆွေးနွေးမှုများနှင့် ၂၀၂၃ ခုနှစ် သုံးလအတွင်း စီးပွားရေးအခြေအနေများ

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများနှင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအခြေအနေ အပြန်အလှန်ဆွေးနွေးမှုများနှင့် ၂၀၂၃ ခုနှစ် သုံးလအတွင်း စီးပွားရေးအခြေအနေများ
ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 23 July 2023

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ဇူလိုင် ၂၀ ရက်က တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏စီးပွားရေးအခြေအနေများနှင့် ကုန်သွယ်မှုပြုလုပ်ရန် အခက်အခဲများ၊ အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ စက်သုံးဆီလုံလောက် စွာရရှိရေးနှင့် စျေးနှုန်းတည်ငြိမ်ရေး၊ လျှပ်စစ်မီးလုံ လောက်စွာရရှိရေး၊ တရားမဝင်ကုန်သွယ်မှုပပျောက်ရေး၊ ကုန်သွယ်မှု မူဝါဒကိစ္စရပ်များ၊ ကုန်ကြမ်းပစ္စည်း တင်သွင်းနိုင်ရေးနှင့် သွင်းကုန်လိုင်စင်ကိစ္စရပ်များ၊ ဘဏ်စနစ်နှင့် နိုင်ငံခြားငွေ လဲလှယ်မှု၊ ဗီဇာ၊ ပတ်စပို့ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဓာတ်မြေသြဇာတင်ပို့၊ တင်သွင်းမှုဆိုင်ရာ လိုင်စင်ကိစ္စရပ်များ၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များပေါ်ထွန်းလာစေရေး၊ နိုင်ငံတကာ ကုန်သည်စက်မှုအသင်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် အသင်းချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ် အထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့် နိုင်ငံငါးနိုင်ငံတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား        

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ  မတ်လအတွင်း မြန်မာနိုင်ငံသို့  သွင်းကုန်အများဆုံး တင်သွင်းထားသည့် နိုင်ငံငါးနိုင်ငံတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အစဉ်လိုက်ရပ်တည်လျက်ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်း ထားသည့်နိုင်ငံငါးနိုင်ငံတွင် တရုတ်နိုင်ငံက ဒေါ်လာ ၁၁၆၆ ဒသမ ၆၉ သန်း၊ စင်ကာပူက ဒေါ်လာ ၁၁၁၂ ဒသမ ၁၀ သန်း၊ ထိုင်းနိုင်ငံက ဒေါ် လာ ၆၉၇ ဒသမ ၆၀ သန်း၊ မလေးရှားနိုင်ငံက ဒေါ်လာ ၄၀၅ ဒသမ ၄၅ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၃၁၅ ဒသမ ၇၄ သန်းတို့ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း  မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ သန်းကျော်နှင့်ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၁၉၈၀ ကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့  သွင်းကုန်အများ ဆုံးတင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁၀ သန်း၊ စင်ကာပူမှ ဒေါ်လာ၂၆၀၄ ဒသမ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၃၇၆ ဒသမ ၈၅ သန်း၊ ဗီယက်နမ်နိုင်ငံမှ ၅၈ သန်း၊ ဂျပန်နိုင်ငံမှ ဒေါ် လာ ၃၅၂ ဒသမ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ ၂၂၇ ဒသမ  ၃၂ သန်း တင်သွင်းထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက် အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံရှိ သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှု ဒေါ်လာ ၁၅ ဒသမ ၉၇၁ ဘီလျံရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၈ ဒသမ ၇၅၆ သန်း ပိုမိုရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP)နှင့်အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။ သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင် သွင်းလျက်ရှိသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်အထိ သုံးလအတွင်း အခွန်အရပ်ရပ် ကောက်ခံံရရှိငွေ၏ ၆၂ ရာခိုင်နှုန်းကျော်ကို ဝင်ငွေခွန်မှ ကောက်ခံံရရှိခြင်းဖြစ်သည်။           

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခု နှစ် ဇန်နဝါရီမှ မတ်အထိ သုံးလအတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေကျပ် ၁၇၉၃ ဘီလျံကျော်ရှိပြီး စုစုပေါင်းအခွန်ရရှိမှု၏ ၆၂ ရာ ခိုင်နှုန်းကျော်ကို ဝင်ငွေခွန်မှ ကောက်ခံံရရှိခြင်းဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

အဆိုပါကာလအတွင်း ဝင်ငွေခွန်မှ ကျပ် ၁၁၁၇ ဒသမ ၀၈၄ ဘီ လျံကျော်၊ အထူးကုန်စည်ခွန်မှ ၃၁၆ ဒသမ ၂၇၂ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၉၅ ဒသမ ၅၅၅ ဘီလျံကျော် စသည်ဖြင့် ကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်အောက်တိုဘာမှ   ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွင်း ဝင်ငွေခွန်မှ ကျပ်ဘီလျံ ၁၄၂၄ ဒသမ ၆၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်ဘီလျံ ၉၉၈ ဒသမ ၁၊ အထူးကုန်စည်ခွန်မှကျပ်ဘီလျံ ၅၇၄ ဒသမ ၉၊ တံဆိပ်ခေါင်းခွန်မှ ကျပ်ဘီလျံ ၅၃ ဒသမ ၁ စသည်ဖြင့် စုစုပေါင်း ကျပ်ဘီလျံ ၃၀၆၉ ကောက်ခံရရှိခြင်း ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှုစုစု ပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန(IRD)၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက် ပြည်ထောင်စု၏ အခွန်အရပ်ရပ်ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉  ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြား ကာလခြောက်လ၌ ကျပ် ၃၄၂၄၂၀၆  ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ ၅၆၈ သန်း ရရှိခဲ့သည်။

Most Read

Most Recent