ကြည့်မြင်တိုင်မြို့နယ်တွင် ယာဉ်တစ်စီးက ဝင်တိုက်မိသဖြင့် စည်ပင်အမျိုးသမီးဝန်ထမ်း သေဆုံး

ကြည့်မြင်တိုင်မြို့နယ်တွင် ယာဉ်တစ်စီးက ဝင်တိုက်မိသဖြင့် စည်ပင်အမျိုးသမီးဝန်ထမ်း သေဆုံး
Published 18 July 2023

ကြည့်မြင်တိုင်မြို့နယ်တွင် ယာဉ်တစ်စီးက ဝင်တိုက်မိသဖြင့် စည်ပင်အမျိုးသမီးဝန်ထမ်း သေဆုံးမှု ဇူလိုင် ၁၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၇ ရက် ည ၈ နာရီခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့် ဗားကရာလမ်းမပွိုင့်အနီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့များက သွားရောက်ခဲ့ကြသည်။

“စည်ပင်ဝန်ထမ်းအမျိုးသမီးကို တိုက်ပြီး ထွက်ပြေးမောင်းနှင်သွားတာလို့ သိရပါတယ်။ အတိုက်ခံရတဲ့သူက အသက် ၄၀ ဝန်း ကျင်ရှိပါပြီ” ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်ဖြင့် အတိုက်ခံရသူအမျိုးသမီးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း အားမာန်လူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးသွားပါတယ်။ Dead Body ကို ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်” ဟု အားမာန်လူငယ် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်မှာ အမျိုးသမီးကို တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

Most Read

Most Recent