ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌဟောင်း အက်ဂ်နယ်လီ ဘောလုံးနှင့်ပတ်သက်ခွင့် (၁၆) လပိတ်ပြစ်ဒဏ် ထပ်မံချမှတ်ခံရ

ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌဟောင်း အက်ဂ်နယ်လီ ဘောလုံးနှင့်ပတ်သက်ခွင့် (၁၆) လပိတ်ပြစ်ဒဏ် ထပ်မံချမှတ်ခံရ
Photos: Getty Images
Photos: Getty Images
Published 12 July 2023

 

ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌဟောင်းဖြစ်သူ အက်ဂ်နယ်လီသည် COVID-19 ကပ်ရောဂါကာလအတွင်း ကစားသမားများ၏ လစာလျှော့ချသည့်ကိစ္စ ကိုင်တွယ်မှုနှင့်ပတ်သက်၍ ဘောလုံးလောကနှင့်ပတ်သက်ခွင့် (၁၆) လပိတ်ပင်သည့်ပြစ်ဒဏ် ထပ်မံချမှတ်ခံရ ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သူ အက်ဂ်နယ်လီသည် ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယား အတုပြုလုပ်မှုဖြင့် နှစ်နှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခံထားရပြီးဖြစ်သည်။ 

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကာလတွင် ကစားသမား ၂၃ ဦးက အကျပ်အတည်းကို ကူညီရန် လေးလစာ လစာလျှော့ယူမည်ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက ကြေညာခဲ့သည်။ 

သို့သော် ကစားသမားများအနေဖြင့် တစ်လစာကိုသာ လျှော့ပေးခဲ့ရကြောင်း အစိုးရရှေ့နေများက တင်ပြခဲ့ကြပြီး ကစားသမားအေးဂျင့်များ၊ အခြားကလပ်အသင်းများနှင့် မိတ်ဖက်ဆောင်ရွက်ရာတွင် အက်ဂ်နယ်လီမှာ အလွဲသုံးစားပြုလုပ်ခြင်းအတွက် တာဝန် ရှိကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က တနင်္လာနေ့တွင် ဆုံးဖြတ်ခဲ့သည်။

အီတလီဘောလုံးအဖွဲ့ချုပ်သည် အက်ဂ်နယ်လီ အား (၁၆) လပြစ်ဒဏ်အပြင် ဒဏ်ကြေး ယူရို ၆၀၀၀၀ လည်း ချမှတ်ခဲ့သည်။

Most Read

Most Recent