အခွန်ဆောင်ရာတွင် ငွေသား၊ ချက်လက်မှတ်၊ ငွေပေးအမိန့်လွှာတို့ဖြင့် ပေးသွင်းနေမှုအစား အီလက်ထရွန်နစ်  ငွေပေးချေမှုစနစ်ဖြင့် ပေးသွင်းရန် ပြည်တွင်းအခွန်ကြေညာ

အခွန်ဆောင်ရာတွင် ငွေသား၊ ချက်လက်မှတ်၊ ငွေပေးအမိန့်လွှာတို့ဖြင့် ပေးသွင်းနေမှုအစား အီလက်ထရွန်နစ်  ငွေပေးချေမှုစနစ်ဖြင့် ပေးသွင်းရန် ပြည်တွင်းအခွန်ကြေညာ
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 11 July 2023

အခွန်ဆောင်ရာတွင် ငွေသား၊ချက်လက်မှတ်၊ငွေပေးအမိန့်လွှာတို့ဖြင့် ပေးသွင်းနေမှုအစား အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြင့်ပေးသွင်းရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာလိုက်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည်  ပြည်သူများ အခွန်ပေးဆောင်ရာတွင် လွယ်ကူစေရန် ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရွန်နစ်ငွေပေးချေမှုနည်းလမ်းများ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ(Mobile Banking, Mobile Pament) တို့ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ယက်စနစ် CBM-Net မှတစ်ဆင့်လည်း ကောင်း MPU Debit Card အသုံးပြု၍  Online မှလည်းကောင်း အခွန်ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားသည်။

၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ နိုင်ငံပိုင်ဘဏ်များတွင် ဘဏ်ငွေစာရင်းဖွင့်လှစ်ထားသောအခွန်ထမ်းများမှအပ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံများနှင့် ရန်ကုန်မြို့ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အ ခွန်ရုံးများတွင် အခွန်ထမ်းကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် အီလက်ထရွန်ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးဆောင်ရန် တစ်ပြေးညီလက်ခံကျင့်သုံးဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာ ရပ်ခံထားသည်။

ထိုသို့ အီလက်ထရွန်နစ်နည်းဖြင့် အခွန်ပေးသွင်းစေခြင်းဖြင့် အခွန်ငွေလွှဲပြောင်းပေးသွင်းမှုအလိုက် အခွန်ပေးသွင်းမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို IRD Data Center ရှိ Online Pament Data Base အတွင်းသို့ ထည့်သွင်းသိမ်းဆည်းထားနိုင်၍ အမှန်တကယ်ပေးသွင်းသည့်အခွန်ငွေကို အချိန်တိုအတွင်း ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်ခြင်းကြောင့် ငွေကြေးဆုံးရှုံးမှု၊ အလွဲသုံးစားမှုနှင့်မသမာမှုအန္တရာယ်များဖြစ်ပွား ခြင်းတို့မှ ကာကွယ်နိုင်မည်ဖြစ်သည်။

အီလက်ထရွန်နစ်ငွေပေးချေမှုနည်း လမ်းများ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်း သို့မဟုတ် MPU Debit Card ကို အသုံးပြု၍ အခွန်ပေးဆောင်ရာတွင် သက်ဆိုင်ရာ အီလက်ထရွန်နစ် ငွေရေးကြေးရေးဝန်ဆောင် မှုလုပ်ငန်းများမှ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံများ၏ငွေစာရင်းများတွင် အခွန်ငွေလွှဲပြောင်းလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန် ငွေပေးသွင်းပြီးကြောင်းအထောက်အထား (ပတခ(e-payment)ကို အခွန်ထမ်းထံသို့ email ပေးပို့အကြောင်းကြားလျက်ရှိသည်။

အခွန်ထမ်းများအနေဖြင့် အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး(ရန်ကုန်)(၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂)အခွန်ဆိုင်ရာဝန်ဆောင်မှု ရုံး(နေပြည်တော်) ၀၆၇-၃၄၃၀၅၂၂၊ အခွန် ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး)(၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၉)နှင့်  အီလက်ထရွန်နစ်ဝန်ဆောင်မှုနည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ(e-Services Help Desk Center) ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊၀၁-၈၃၇၉၀၂၁ များသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သို့ဖြစ်ရာ အခွန်ထမ်းကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သို့ အခွန်ငွေပေးဆောင်ရာတွင် ငွေသား/ချက်လက်မှတ်/ ငွေပေးအမိန့်လွှာတို့ဖြင့် အခွန်ငွေပေးသွင်းမှုအစား ပိုမိုလွယ်ကူပြီး လုံခြုံမှုရှိသည့် အီ လက်ထရွန်စနစ်ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးသွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာလကုန်အထိ ကိုးလအတွင်း အခွန်အရပ်ရပ်ကောက်ခံံရရှိငွေ ကျပ် ၅၃၀၁ ဘီလျံကျော်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သည့် ဧပြီမှ ဇွန်လအထိ အခွန်အရပ်ရပ်ကောက်ခံံရရှိငွေကျပ် ၁၆၇၃၇၄၉ ဒသမ ၅၁ သန်း(၁၆၇၃  ဘီလျံကျော်)၊ ဒုတိယသုံး လပတ်ဖြစ်သည့် ဇူလိုင်မှစက်တင်ဘာလအထိ အခွန်အရပ်ရပ်ကောက်ခံံရရှိငွေ ကျပ် ၁၈၀၇၈၄၆ ဒသမ ၉ဝသန်း(၁၈၀၇ ဘီလျံ ကျော်)၊ တတိယသုံးလပတ်ဖြစ်သည့် အောက်တိုဘာမှ ဒီဇင်ဘာအထိကာလအတွင်း အခွန်အရပ် ရပ်ကောက်ခံရရှိငွေ ၁၈၁၉၆၁၃ ဒသမ ၉၀ သန်း(၁၈၁၉ ဘီလျံကျော်)ဖြင့် ကိုးလအတွင်း ကျပ် ၅၃၀၁၂၁၀ ဒသမ ၃၁  သန်း(၅၃၀၁ ဘီလျံကျော်)ကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent