ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူမည်ဟု ရက်ပီးနိုး ကြေညာ

ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူမည်ဟု ရက်ပီးနိုး ကြေညာ
Photo: FIFA
Photo: FIFA
Published 10 July 2023

အမေရိကန်အမျိုးသမီးဝါရင့်တိုက်စစ်မှူး ရက်ပီးနိုးသည် ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူမည်ဟု ရုတ်တရက်ကြေညာခဲ့သည်။

အသက်(၃၈)နှစ်အရွယ်ရှိ ရက်ပီးနိုးသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သည့် ဝေးလ်စ်အသင်းနှင့်ပွဲတွင် နိုင်ငံတကာပွဲ(၂၀၀)ပြည့်ခဲ့ပြီး ယင်းပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အနားယူမည့်အကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ရက်ပီးနိုးသည် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်စွဲထားသည့် ၂၀၁၅၊ ၂၀၁၉ ပြိုင်ပွဲအပါအဝင် (၃)ကြိမ်တိုင် ပါဝင်ကစားခဲ့ပြီးဖြစ်သည်။

 

Most Read

Most Recent