မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်းရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် Level 2 အဆင့် မီးလောင်မှု ဇူလိုင် ၄ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ည ၆ နာရီခွဲကျော်ခန့်တွင် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ(၇)လမ်း၊ ဇေကမ္ဘာဝန်းအတွင်းရှိ အထည်ချုပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။
မီးလောင်သည့် စက်ရုံမှာ အထည်ဖြတ်စများထားရှိသည့် ဂိုထောင်မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးလောင်ရာသို့ ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့ထံမှ သိရသည်။
အဆိုပါမီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး ည ၇ နာရီကျော်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။















