ဟေတီနိုင်ငံသားများ အကူအညီလိုအပ်နေပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှုများသည် စိုးရိမ်ဖွယ်အဆင့်အထိ ရောက်ရှိနေဟု ကုလသမဂ္ဂ ကလေးသူငယ်များအေဂျင်စီအကြီးအကဲ ပြောကြား

ဟေတီနိုင်ငံသားများ အကူအညီလိုအပ်နေပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှုများသည် စိုးရိမ်ဖွယ်အဆင့်အထိ ရောက်ရှိနေဟု ကုလသမဂ္ဂ ကလေးသူငယ်များအေဂျင်စီအကြီးအကဲ ပြောကြား
ဇွန် ၄ ရက်က ဟေတီနိုင်ငံ ပို့အူပရင့်စ်မြို့တော်တွင် ခိုလှုံနေထိုင်ရန် ကြိုးပမ်းနေကြသော အကြမ်းဖက်မှုများမှထွက်ပြေးလာသူများကို တွေ့ရစဉ် (Photo – AFP)
ဇွန် ၄ ရက်က ဟေတီနိုင်ငံ ပို့အူပရင့်စ်မြို့တော်တွင် ခိုလှုံနေထိုင်ရန် ကြိုးပမ်းနေကြသော အကြမ်းဖက်မှုများမှထွက်ပြေးလာသူများကို တွေ့ရစဉ် (Photo – AFP)
Published 2 July 2023
Ref: AFP

ဟေတီနိုင်ငံသားများ၏ ထက်ဝက်နီးပါးဖြစ်သော အရွယ်ရောက်ပြီးသူ ၂ ဒသမ ၂ သန်းနှင့် ကလေးသုံးသန်းသည် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေပြီး  ထောင်နှင့်ချီသောလူငယ်များသည် ကျား၊မ အခြေပြုအကြမ်းဖက်မှု၏ စိုးရိမ်ဖွယ်အဆင့်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂကလေးသူငယ်များအေဂျင်စီက ဇွန် ၂၉ ရက်တွင်ပြောကြားခဲ့သည်။

“ဟေတီနိုင်ငံသားတွေနဲ့ ကျွန်မအဖွဲ့တွေ သူတို့ကျွန်မကိုပြောပုံအရ အခုထက်ဆိုးရွားတဲ့ အခြေအနေမရှိတော့ဘူးလို့ ဆိုပါတယ်။ မကြုံစဖူး အငတ်ဘေးနဲ့အာဟာရချို့တဲ့တာတွေ၊ ဆင်းရဲမွဲတေမှု၊ ယိုယွင်းနေတဲ့စီးပွားရေး၊ ကာလဝမ်းရောဂါ ပြန်လည်ဖြစ်ပေါ်နေမှုတွေနဲ့ ကြီးမားတဲ့မလုံခြုံမှုတွေဟာ  သေစေနိုင်လောက်သော နိမ့်ကျတဲ့အကြမ်းဖက်မှုတွေကိုဖန်တီးနေပါတယ်”ဟု UNICEF ၏အမှုဆောင်ဒါရိုက်တာ ကက်သရင်းရက်ဆဲလ်က ပြောကြားခဲ့သည်။

“ကျွန်မရဲ့ ဟေတီခရီးစဉ်အတွင်းရှင်းရှင်းလင်းလင်းသိလိုက်ရတာကတော့ ရဲတပ်ဖွဲ့ဟာ နိုင်ငံကို လုံခြုံအောင်နဲ့ ပြည်သူလုထုကို အကြမ်းဖက်ဂိုဏ်းတွေဆီကနေ ကာကွယ်ပေးနိုင်တဲ့ အင်အားမရှိပါဘူး။ တစ်ခုခုတော့ ပြောင်းလဲဖို့ လိုအပ်ပါတယ်”ဟ ု၎င်းကပြောကြားခဲ့သည်။

“နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဒီနိုင်ငံ(ဟေတီ)ကို လုံးဝတစ်စစီပြိုကွဲသွားတာကို ကြည့်မနေနိုင်ပါဘူး”ဟု ၎င်းကဆိုသည်။

ဆက်လက်၍ “ကျွန်မရဲ့အလုပ်ကတော့  ဒီပြဿနာအပေါ် အာရုံစိုက်မှုရအောင်ကြိုးပမ်းပေးသွားမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းက ဘယ်လောက်ထိဆိုးရွားတယ်ဆိုတာနဲ့ ဒါဟာ ကလေးတွေအပေါ် ဘယ်လောက်ထိသက်ရောက်တယ်ဆိုတာကို လူတွေကိုနားလည်အောင် ကြိုးစားပေးသွားမှာဖြစ်ပါတယ်”ဟု ရက်ဆဲလ်ကပြောကြားခဲ့သည်။

ရက်ဆဲလ်က သတင်းစာရှင်းလင်းပွဲတွင် ဟေတီနိုင်ငံ၏မြို့တော် ပို့အူပရင့်စ်၏အန္တရာယ်များသောဒေသတွင် ကျား၊မအခြေပြု အကြမ်းဖက်မှုမှ အသက်ရှင်လွတ်မြောက်လာသူများထံ ၎င်းကြားသိခဲ့ရသော ဇာတ်လမ်းအချို့ကို ထပ်တလဲလဲ ပြောပြခဲ့သည်။

ကိုယ်ဝန်ရှစ်လရှိသည့် အသက် ၁၁ နှစ် အရွယ်မိန်းကလေးတစ်ဦးကို အမျိုးသားငါးဦးက လမ်းပေါ်ဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့သည့်အကြောင်း ရက်ဆဲလ်ကပြောပြခဲ့သည်။

ထို့ပြင် အမျိုးသားအုပ်စုတစ်စုသည် အမျိုးသမီးတစ်ဦး၏ နေအိမ်အတွင်းသို့တရ ကြမ်းဝင်ရောက်လာခဲ့ပြီး ၎င်းအားအဓမ္မပြုကျင့်ခဲ့သည့်အဖြစ်အပျက်ကိုလည်း ရက်ဆဲလ်ကပြောပြခဲ့သည်။ထိုအမျိုးသမီး၏အသက် ၂၀ အရွယ်ညီမဖြစ်သူက ခုခံသော်အခါ ထိုအမျိုးသားများသည် ၎င်း၏ညီမဖြစ်သူအား မီးရှို့သတ်ခဲ့သည့်အပြင် နေအိမ်ကိုလည်း မီးရှို့ဖျက်စီးခဲ့သည်။

“ကျွန်မအခုပြောပြတဲ့အဖြစ်အပျက်တွေကတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူတို့တွေက မိန်းကလေးတွေနဲ့အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး နေအိမ်တွေကို မီးရှို့ကာ ပိုပြီးခုခံနိုင်စွမ်းမရှိအောင်၊ ပိုပြီးအလွယ်တကူ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်နေပါတယ်” ဟု ရက်ဆဲလ်ကဆိုသည်။ ဧပြီလကတည်းက ဂိုဏ်းအဖွဲ့များ၏ တိုက်ခိုက်မှုများနှင့်အကြမ်းဖက်ရန်တုံ့နှင်းမှုများကြောင့် အရပ်သား၂၀၀ နီးပါး သေဆုံးခဲ့သည်။

Most Read

Most Recent