UEFA Nations League ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများပွဲကြိုသုံးသပ်ချက်

UEFA Nations League ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 18 June 2023

ခရိုအေးရှား - စပိန် (တနင်္လာနံနက် ၁း၁၅ နာရီ)

ခရိုအေးရှားအသင်းက Nations League နောက်ဆုံးအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်လာခဲ့တာဖြစ်ပေမဲ့ အုပ်စုကျပ်ကို အကောင်းဆုံးဖြတ်သန်းခဲ့တာဖြစ်သလို၊ အသင်းရဲ့ကစားပုံက ဟန်ချက်ညီမျှနေပါတယ်။ ခံစစ်ပိုင်းက ဒီထက်ပိုကောင်းဖို့ လိုအပ် နေတယ်ဆိုပေမဲ့ ပြိုင်ဘက်အသင်းကလည်း ထူးထူးခြားခြားပိုကောင်းနေတာ မရှိပါဘူး။ အပြန်အလှန်ဂိုးတွေနဲ့ ခရိုအေးရှား နိုင်ပွဲရရှိဖို့ အလားအလာများပါတယ်။

နယ်သာလန် - အီတလီ (တနင်္ဂနွေည ရး၃၀ နာရီ)

နယ်သာလန်က အုပ်စုအဆင့်မှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ပြသနိုင် ခဲ့သလို၊ ဆီမီးမှာလည်း ခရိုအေးရှားကို အချိန်ပိုရောက်မှ အရှုံးပေးခဲ့ရတာပါ။ လက်ရှိ ခြေစွမ်းအရ တတိယနေရာ ရသင့်ပါတယ်။

Most Read

Most Recent