KTV၊ CLUB၊ BAR နှင့် စားသောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချသည့် ကျပ်သိန်း ၉၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်း ကမာရွတ်မြို့နယ်၌ ဖမ်းဆီးရမိ

KTV၊ CLUB၊ BAR နှင့် စားသောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချသည့် ကျပ်သိန်း ၉၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်း ကမာရွတ်မြို့နယ်၌ ဖမ်းဆီးရမိ
ပုံစာ-ဖမ်းဆီးရမိသူများအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ-CCDAC MYANMAR)
ပုံစာ-ဖမ်းဆီးရမိသူများအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ-CCDAC MYANMAR)
Published 16 June 2023

KTV၊ CLUB၊ BAR နှင့် စားသောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချသည့် ကျပ်သိန်း ၉၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်း ကမာရွတ်မြို့နယ်၌ ဖမ်းဆီးရမိကြောင်း ဇွန် ၁၅ ညပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ စိုင်းလှဟန်၏ နေအိမ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ စိုင်းလှဟန်နှင့် စိုင်းစိန်လင်းတို့အား ကျပ်သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအား  ရန်ကုန်မြို့ရှိ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent