ကစားသမားသစ်များ ခေါ်ယူရန်အတွက် စပါးနည်းပြသစ် ပိုစတီကိုဂလူး အသင်းကစားသမား (၁၇) ဦးအထိ ရောင်းထုတ်ရဖွယ်ရှိ

ကစားသမားသစ်များ ခေါ်ယူရန်အတွက် စပါးနည်းပြသစ် ပိုစတီကိုဂလူး အသင်းကစားသမား (၁၇) ဦးအထိ ရောင်းထုတ်ရဖွယ်ရှိ
Photo : Getty Images
Photo : Getty Images
Published 8 June 2023

စပါးနည်းပြသစ် ပိုစတီကိုဂလူးသည် ယခုနွေတွင် ကစားသမားသစ်များ ခေါ်ယူရန်အတွက် အသင်းကစားသမား (၁၇) ဦးအထိ ရောင်းထုတ်ရဖွယ်ရှိနေကြောင်း သိရှိရသည်။

စပါးအသင်းသည် ၂၀၂၂-၂၃ ရာသီတွင် ဆဲလ်တစ်အသင်းကို ဖလား (၃)လုံး ယူပေးခဲ့သည့် သြစတြေးလျလူမျိုးနည်းပြ ပိုစတီကိုဂလူးအား အသင်းနည်းပြသစ်အဖြစ် (၄)နှစ်စာချုပ်ဖြင့် ခန့်အပ်ကြောင်း ဇွန် (၆)ရက်တွင် အတည်ပြုကြေညာခဲ့သည်။

ပိုစတီကိုဂလူးသည် စပါးအသင်းနည်းပြအဖြစ် ဇူလိုင် (၁)ရက်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး အသင်းတွင် လုပ်စရာများစွာရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

The Times သတင်းစာ၏ဖော်ပြမှုအရ ပိုစတီကိုဂလူးအနေဖြင့် ကစားသမားသစ်များ ဝယ်ယူမည်ဆိုပါက အသင်းရှိကစားသမား (၁၇)ဦး ကို အရင်ရောင်းထုတ်ရန်လိုကြောင်း သိရှိရသည်။

လက်ရှိ စပါးအသင်းကြီးတွင် ကစားသမား (၃၃)ဦးထိရှိနေပြီး ယင်းလူစာရင်းကို မဖြစ်မနေလျှော့ချ ရမည်ဖြစ်ကြောင်း သိရှိရသည်။

စပါးအသင်းသည် ပြီးခဲ့သည့် (၅)ရာသီအတွင်း ပေါင် (၃၂၂)သန်း အသုံးပြုကာ ကစားသမား (၃၃) ဦးအထိ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ပိုစတီကိုဂလူးအနေဖြင့် လိုရစ်၊ အန်ဒွန်ဘီလီ၊ ရယ်ဂီလွန်အပါအဝင် ကစားသမားအချို့ကိုရောင်းထုတ်ရန် စီစဉ်နေကြောင်းသိရသည်။

Most Read

Most Recent