အပူချိန်လွန်ကဲခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်းများဖြစ်ပွားနိုင်သည့် အယ်နီညိုဖြစ်စဉ်မှာ ဇွန်လအတွင်း အားအနည်းငယ်မှ အား အသင့်အတင့်ရှိမည့် အနေအထားသို့ ရောက်ရှိလာမည်ဟု မိုးလေဝသနှင့်ဇလဗေ ဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အီကွေတာအနီးရှိ အပူပိုင်းပစိ ဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက် နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ် များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက် ရှိနေကြောင်း၊ နိုင်ငံတကာ မိုးလေဝ သဌာနများ၏ သချင်္ာပုံစံပြုမော်ဒယ် များ ခန့်မှန်းချက်အရ ဇွန်လအတွင်း အားအနည်းငယ်မှ အားအသင့်အ တင့်ရှိသော အယ်လ်နီညိုအခြေအ နေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုး သက်ရောက်မှုမှာ ယေဘုယျအား ဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူ ချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ် များ ဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အယ်လ်နီညိုဆိုတာ ဘာလဲ
အယ်နီညို (El Nino) ဆို သည်မှာ အစွန်းရောက်သဘာဝဘေး တစ်ခုဖြစ်ပြီး အလွန် ပူနွေးခြောက် သွေ့သည့်ဖြစ်စဉ်တစ်ခုဟု အကြမ်းဖျင်း မှတ်သားနိုင်သည်။တောင်အမေရိကတိုက်၏အ နောက်ဘက် ကမ်းရိုးတန်းနိုင်ငံများ ဖြစ်သည့် အီကွေဒေါနှင့် ပီရူးနိုင်ငံ များဆီကို ခရစ်စမတ်ကာလတွင် တိုးဝင်လာတတ်ကြသော ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံတံငါ သည်များက ခေါ်ဝေ ါ်ထားသောအမည်ဖြစ်သည်။ အယ်နီညိုဖြစ်စဉ်မှာ ငါးနှစ်မှ ခုနစ်နှစ်အတွင်း တစ်ကြိမ် ခန့်ဖြစ်ပေါ်တတ်သော်လည်း ယခု နောက်ပိုင်းတွင် နှစ်နှစ်သုံးနှစ်အ တွင်း ခပ်စိတ်စိတ် ဖြစ်ပေါ်လာသည် ကို တွေ့ရ သည်။
အယ်လ်နီညိုဖြစ်စဉ်သည် အားကောင်းပါက တောင်အမေရိက နိုင်ငံများမှတစ်ဆင့် တစ်ကမ္ဘာလုံး ပျံ့နှံ့ဖြစ်တည်တတ်ပြီး ရာသီဥတု ဖောက်ပြန်မှုများ ပြင်းထန်လာတတ် သည်။ များသောအားဖြင့် အပူချိန် လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်း ခြင်း၊ မိုးခေါင်လွန်းခြင်း၊ သောက် သုံးရေရှားပါးခြင်းတို့ကို ဖြစ်ပေါ်စေ တတ်ပြီး အချို့နိုင်ငံများတွင် အချိန် အခါမဟုတ် မိုးသည်းထန်စွာ ရွာ သွန်းပြီး ရေကြီးရေလျှံမှုများလည်း ဖြစ်ပေါ်တတ်သည့် အခြေအနေများ ဖြစ်သည်။၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်များ မတိုင်မီ ငါးနှစ်မှ ခုနစ် နှစ်တစ်ခါလောက်သာဖြစ်တတ် သည့် အယ်လ်နီညိုသည် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း နှစ်နှစ်မှ သုံးနှစ် တစ်ခါခန့်ဖြစ်လာခဲ့သည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ဖြစ် ပေါ်ခဲ့သည့် အယ်လ်နီညိုသည် အဆိုးရွားဆုံး အပြင်းထန်ဆုံးဖြစ် လာခဲ့သဖြင့် တစ်ကမ္ဘာလုံးအလူး အလဲခံစားခဲ့ကြရပြီး အထွေထွေ ပျက်စီးဆုံးရှုံးမှုဒေါ်လာ ၃၄ ဘီလီယံ ရှိခဲ့သည်။သေဆုံးသူပေါင်း ၂၄၀၀၀၊ ဒဏ်ရာ ရရှိသူပေါင်း ၅၃၃၀၀၀၊ ရွှေ့ ပြောင်းသူပေါင်း ခြောက်သန်း၊ ထိ ခိုက်သူပေါင်း ၁၁၁ သန်းနှင့် ထိခိုက် သော မြေဧကပေါင်း ၅၆ သန်းရှိခဲ့ သည်။
မြန်မာနိုင်ငံနှင့် အယ်နီညိုဖြစ် စဉ်
အယ်နီညိုအားကောင်းသည့် ဖြစ်စဉ်များတွင် မြန်မာနိုင်ငံတွင် မုတ်သုံအဝင်နောက်ကျခြင်း၊ မုတ် သုံအင်အားနည်းခြင်း၊ အပူချိန်တိုး ခြင်းများကို ကြုံတွေ့ရသည်ဟု မိုး လေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၂၀၀၉ ခုနှစ်ထုတ် 7 days သတင်းဂျာနယ်တွင် ရေးသားထား သည်။
“ အားကောင်းတဲ့ အယ်လ်နီ ညိုသာဖြစ်ခဲ့ရင် မုတ်သုံလေ ရာသီ ဥတုမှာ တော်တော် သိသိသာသာ အပြောင်းအလဲ တွေရှိခဲ့တာကိုတွေ့ ကြရပါတယ်။ မုတ်သုံအဝင်မှာ နောက်ကျတာတို့၊ အထွက်မှာစော တာတို့၊ မုတ်သုံအင်အားနည်းတာ တို့၊ မုတ်သုံမိုးလျော့တာတို့၊ အပူချိန် တိုးတာတို့စ-တာတွေဟာ တကယ် တော့ ရာသီဥတုခန့်မှန်းရေးမှာ အရေးပါလှပါတယ်။ နောက်တစ် ချက်က အယ်လ်နီညိုဖြစ်စဉ် တစ်ခု ရဲ့သက်တမ်းကာလဟာ ၁၈ လ လောက် သက်တမ်းရှိပါတယ်။ ဒီဇင် ဘာလလောက်မှာ အားအကောင်း ဆုံးကို ရောက်လာတတ်တဲ့ အယ်လ် နီညိုဖြစ်စဉ်ရဲ့ အမှာင့်ပယောဂ ဟာ ရှေ့ ၉လ နောက်၉ လလောက်ကြာ လေ့ရှိပါတယ်။ ဒီဇင်ဘာလကိုဗဟို ပြုပြီး ရှေ့နှစ်ရဲ့ ၉လဟာ မတ်လ လောက်ကစလေ့ရှိပြီး၊ နောက် ၉လ ကတော့ နောက်နှစ်ရဲ့ စက်တင်ဘာ လလောက်အထိ အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုဂယက်က ရှိ တတ်ပါတယ်။ အနည်းဆုံး၁၂ လနဲ့ တွက်ရင်တောင် အားကောင်းတဲ့ အယ်လ်နီညိုဖြစ်ပြီဆိုရင် ရှေ့နှစ်ရဲ့ မိုးနှောင်းနဲ့မိုးလွန်ကာလနဲ့ နောက် နှစ်ရဲ့ မိုးကြိုနဲ့မိုးဦးကာလတွေ အ ကျိုးသက်ရောက် စေလေ့ရှိပါတယ်။ အယ်လ်နီညိုကို အခြေခံပြီးမိုးလေ ဝသခန့်မှန်းမယ်ဆိုရင် အားသာ ချက်ကတော့ အချိန်ကာလ ၄-၅ လ ကြိုပြီးမှန်ကန်မှုရာခိုင်နှုန်းမြင့်မြင့်နဲ့ ခန့်မှန်းနိုင်တာဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းလွင်က ရေးသား ထားသည်။
၁၉၉၇-၁၉၉၈ ခုနှစ်တွင် ဖြစ် ပေါ်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ် ကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး ၁၈ မြို့တွင် အပူချိန်အမြင့်ဆုံးစံချိန်သစ် များတင်ခဲ့သည်။
မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန် အနည်းဆုံး စံချိန်သစ်များ တင်ခဲ့ သည်။ ၂၀၁၅-၂၀၁၆ ကာလအတွင်း တွင်ဖြစ်ပွားခဲ့သည့် အားကောင်း သော အယ်လ်နီညိုကြောင့် စံချိန် တင်ပူပြင်း ခြောက်သွေ့မှုများကြုံ တွေ့ခဲ့ရပြီး အယ်လ်နီညိုအန္တရာယ် ကာကွယ်ရေးကို လွှတ်တော်တွင် ဆွေးနွေးရသည်အထိ အခက်အခဲ ကြုံတွေ့ခဲ့ရသည်။၂၀၁၆ ခုနှစ် အတွင်း စံချိန်တင်မီးလောင်ကျွမ်းမှု များ၊ ပူပြင်းခြောက်သွေ့မှုနှင့်တိုက် ရိုက်ဆက်စပ်သောရောဂါများ သောက်သုံးရေရှားပါးမှုများနှင့် လည်း ရင်ဆိုင်ခဲ့ရသည်။ယခုနှစ်တွင် အားကောင်း သည့်ဖြစ်စဉ်ဖြစ်ပွားမှုရှိမရှိကို လက် ရှိမှာစောင့်ကြည့်ရ မည့်အခြေအနေ တွင်သာရှိနေသေးသည်ဟု မိုးလေ ဝသလေ့လာသူတစ်ဦးဖြစ်သည့် ဦး ဝင်းနိုင်က ပြောကြားသည်။“ အခုအယ်နီညိုဖြစ်စဉ်က အားကောင်းလာမလားဆိုတာက တော့ တချက်စောင့်ကြည့်ရဦးမယ်။ အားကောင်းတဲ့အယ်နီညိုဖြစ်လာ မလားဆိုတာကတော့ နိုဝင်ဘာ၊ ဒီ ဇင်ဘာလောက်မှာ သိနိုင်မယ်။ အယ်နီညိုကတော့ နှစ်နှစ် သုံးနှစ် မှာတစ်ကြိမ် ပြန်ပြန်ပြီ ဖြစ်တတ်တာ ပေါ့။ အခုကတော့ လာနီညာဖြစ်စဉ် က ဆက်တိုက်ဖြစ်ထားတာဆိုတော့ အယ်နီညိုဖြစ်စဉ်က ဖြစ်လာနိုင်တဲ့ သဘောမှာရှိတယ်” ဟု ဦးဝင်းနိုင်က ပြောကြားသည်။အားကောင်းသည့် အယ်နီညို ဖြစ်စဉ် ဖြစ်ပွားလာပါက မြန်မာ့ရာ သီဥတုကို ရိုက်ခတ်မည့်အခြေအနေ ရှိသည်ဟု ဦးဝင်းနိုင်က သုံးသပ် သည်။
“ အခုတင်ကို မုတ်သုံဝင်တာ နောက်ကျနေပြီ။ အရင်က မေ ၁၇၊ ၁၈ လောက်မှာ ဝင်နေကြ။ အခုက တော့ ၂၅ ရက်လောက်မှ ဝင်လာ တယ်။ ဒါတောင် မြန်မာနိုင်ငံတောင် ပိုင်းတစ်ခုတည်းကိုပဲဝင်တာ။ ဒါက စစချင်း အယ်နီညိုရဲ့ ရိုက်ခတ်မှုလို့ ပြောလို့ရတယ်။ ဒါတောင် အယ်နီ ညိုမဖြစ်သေးဘူးပေါ့” ဟု ဦးဝင်းနိုင် က ပြောကြားသည်။
အယ်နီညိုကြောင့် ဘာတွေ ဖြစ်နိုင်သလဲ
လက်ရှိအယ်နီညိုဖြစ်စဉ်ကို စောင့်ကြည့်နေရဆဲအဆင့်ဖြစ်ပြီး အယ်နီညိုဖြစ်ပွားပါက အပူချိန်များ မြင့်တက်ကာ သောက်သုံးရေရှားပါး ခြင်းများလည်း ကြုံတွေ့ရနိုင်သည်။ယင်းသို့အခြေအနေများဖြစ် လာပါက သောက်သုံးရေရှားပါးမှုအ ပြင် စိုက်ပျိုးရေးအတွက်ပါအသုံးပြု နိုင်သည့် ရေရှားပါးခြင်းများလည်း ကြုံတွေ့ရမည်ဖြစ်သည်။ယင်း၏ နောက်ဆက်တွဲပြသာ နာများအရ သီးနှံထွက်ရှိမှုနည်းလာ ပြီး စားနပ်ရိက္ခာ မလုံလောက်ခြင်း များ၊ စျေးနှုန်းကြီးမြင့်ခြင်းများလည်း ဖြစ်ပွားလာနိုင်သည့်အခြေအနေ လည်းဖြစ်သည်။ထို့ပြင် ကျန်းမာရေးပြသာနာ များလည်း ဖြစ်ပွားလာနိုင်ပြီး ဖြစ်နိုင် တဲ့ရောဂါများမှာ ရေရှားပါးမှု၊ သောက်သုံးရေပြတ်လပ်မှု၊ တစ် ကိုယ်ရေ သန့်ရှင်းမှုနည်းသဖြင့် ဝမ်း ပျက်ဝမ်းလျှောရောဂါများ၊ အစာအ ဆိပ်သင့်ခြင်း ရောဂါ၊ အထက်လှန် အောက် လျှောရောဂါ၊ အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက် ခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်း၊ အသားအရေ အညိုအမည်းစွဲခြင်း၊ အရေပြားဓာတ်မတည့်ခြင်း၊ အရေ ပြားယားနာများ၊ အပူကြောင့်သွေး လန့်ခြင်း (Heat Stroke) တို့ဖြစ်ပွား နိုင်ကြောင်း ကျန်းမာရေးပညာရှင် များက ပြောကြားထားသည်။
ထို့ပြင် သောက်သုံးရေပြတ် လပ်ခြင်း၊ ရေမသန့်ခြင်းက တစ် ကိုယ်ရေသန့်ရှင်းမှု ကျဆင်းလာပြီး မသန့်ရှင်းသည့် ရေသောက်သုံးရသ ဖြင့် ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက် ရောဂါတို့ခံစားရနိုင်ကြောင်း၊ ဝမ်း လျှောရောဂါမှာ အီးကိုလိုင်း(E.coli)၊ ဘယ်ဆယ်လယ်ရီ (Baiillary) နှင့် အမီဘားဝမ်းကိုက်ရောဂါ (Amoebamic dysentry) တို့ဖြစ်ပွားနိုင် ကြောင်း သိရသည်။
ထို့ပြင် နေ့အပူရှိန်မြင့်တက်မှု များရှိလာနိုင်သဖြင့် အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက်ခြင်း တို့ ဖြစ်ပွားနိုင်ပြီး နေအပူရှိန် အလွန် ပြင်းထန်သည့် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ မြစ်ဆိပ် ရေဆိပ် မဆင်းရန်၊ ရေမချိုးရန် အလုပ် မှအ နားယူရန်၊ နေပူထဲအလုပ် လုပ်မည် ဆိုပါက အဆောင်း၊ အကာများ ဝတ် ဆင်လုပ်ဆောင်ဖို့ လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက ပြော ကြားထားသည်။
အယ်နီညိုအတွက် ပြင်ဆင်ထားဖို့လိုပြီ
ယခင်ကငါးနှစ်ကျော်မှ တစ်ခါ သာဖြစ်ပွားခဲ့သည့် အယ်နီညိုဖြစ် စဉ်မှာ ယခုတွင် ခပ်စိတ်စိတ်ဖြစ်ပွား လာခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများလည်း ပိုများလာခဲ့သည်။ပြီးခဲ့သည့် ဧပြီလပိုင်းကပင် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ ချောက်၊ ညောင်ဦး၊ ကျောက်တော်အစရှိသည့်မြို့များမှာ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည့်ဖြစ်စဉ် များလည်းရှိလာခဲ့သည်။ထို့ပြင် အင်အားအလွန်ပြင်း ထန်သည့် ဆိုင်ကလုန်းမိုခါကဲ့သို့ မုန်တိုင်းမှာလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။“ အဲ့ဒီဖြစ်စဉ်တွေက အယ်နီ ညိုရဲ့ အကျိုးသက်ရောက်မှုတွေ” ဟု မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင် ကပြောကြားသည်။
လက်ရှိတွင် အားကောင်းသော အယ်နီညိုဖြစ်မဖြစ်ကိုမူစောင့်ကြည့် နေရဆဲအဆင့်သာရှိသော်လည်း ရေရှားပါးခြင်း၊ အပူချိန်မြင့်တက် ခြင်း၊ မိုးခေါင်ခြင်းအစရှိသည့်သဘာ ဝဘေးအန္တရာယ်ဖြစ်စဉ်များကို မည် သို့ ကျော်လွှားမလဲဆိုသည်ကို အ ဖြေရှာရတော့မည့် အချိန်လည်းဖြစ် သည်။