စပိန်လာလီဂါပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 May 2023

ဘီလ်ဘာအို - အယ်လ်ချီ (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဘီလ်ဘာအိုကတော့ ကွန်းဖရန့်လိဂ်ဝင်ခွင့်အတွက် အိမ် ကွင်းနောက်ဆုံးပွဲမှာ အမှားခံမှာမဟုတ်ဘူး။ အမှတ်ပြည့်ယူထား နိုင်ဖို့ ကြိုးစားမှာသေချာတယ်။ အယ်လ်ချီကလည်း တန်းဆင်းပြီး  မှရုန်းကန်ပြနေပေမယ့် ဘီလ်ဘာအိုနဲ့ ဂိုးအများပဲရွေးမယ်။

အက်သလက်တီကို - ဆိုစီဒက် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဆိုစီဒက်ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ သေချာပြီးလားပဲ စောင့်ကြည့်ရမယ်။ အက်သလက်တီကိုကတော့ ဒုတိယနေရာ အတွက်အိမ်ကွင်းမှာ ဆိုစီဒက်ကို အနိုင်ယူနိုင်ဖို့ အားထုတ်ဦး မှာသေချာတယ်။ ဆိုစီဒက်သာ ချန်ပီယံလိဂ်ဝင်ခွင့်သေချာနေ ရင် ဒီပွဲကိုသိပ်ပြီးအားစိုက်ဖို့မရှိတော့ပေမယ့် ချန်ပီယံလိဂ်ဝင် ခွင့်အတွက် တိုက်ပွဲဝင်နေရသေးရင်တော့ အိမ်ရှင်ဆီက အ မှတ်ရဖို့ အားစိုက်ကစားလာဖို့ရှိနေတယ်။ အဝေးကွင်းဂိုးသွင်း နှုန်းပုံမှန်မရှိပေမယ့် ဆိုစီဒက်ရဲ့ အဝေးကွင်းခံစစ်ကစားပုံက မာကျောမှုရှိနေပြီး ခုနောက်ပိုင်းကစားပုံလည်းတိုးတက်မှုရှိနေ လို့ ဆိုစီဒက်သာပုံမှန်အတိုင်းတုံ့ပြန်ကစားလာရင် အက်သ လက်တီကိုအတွက် ဂိုးရဖို့အတော်လေးကစားယူရဖို့များ လိမ့် မယ်။ ဒါပေမဲ့ အက်သလက်တီကိုရဲ့အိမ်ကွင်းအားကို ပွဲချိန် ပြည့်တောင့်ခံဖို့မလွယ်လှလို့ အိမ်ရှင်နဲ့ ဂိုးအနည်းပဲရွေးမယ်။

ဘာစီလိုနာ - မာယော့ကာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ချန်ပီယံဆုရယူအပြီးမှာပဲ ဘာစီလိုနာတို့ ကစားအားသိ သိသာသာကျဆင်းသွားတယ်။ အထူးသဖြင့် ခံစစ်ကပြိုဆင်း သွားပြီးနောက်ဆုံးကစားခဲ့တဲ့လာလီဂါ (၃)ပွဲမှာပေးဂိုး (၇)ဂိုးအ ထိပေးခဲ့ရလို့ အခုပွဲက ဘာစီလိုနာတို့ ဘယ်လိုကစားသွားမလဲ ဆိုတာအပေါ်ပဲအဓိကမူတည်နေတယ်။ ဒါပေမဲ့ အခုပွဲကနူးကမ့် ကွင်းမှာကစားရမယ့် နောက်ဆုံးပွဲစဉ်ဖြစ်သလို မာယော့ကာရဲ့ အဝေးကွင်းရှုံးပွဲဆက်နေမှုကြောင့် ဘာစီလိုနာအတွက်အခက် အခဲသိပ်မရှိလှပါဘူး။ ဘာစီလိုနာနဲ့ ဂိုးအများပဲကောင်းမယ်။

ဂီတာဖေး - အိုဆာဆူနာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)

နည်းပြပြောင်းပြီး တန်းမဆင်းရရေးရုန်းကန်နေပေမယ့် ဂီတာဖေးခြေစွမ်းက ထင်သလောက်တက်မလာသေးဘူး။ ဒါပေမဲ့ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်လို့ ဒီပွဲမှာ ဂီတာဖေးရဲ့ရုန်းကန်အားပို ကောင်းလာဖို့ရှိနေတယ်။ ဂီတာဖေးနဲ့ ဂိုးအနည်းပဲရွေးမယ်။

ကာဒစ်ဇ် - ဆယ်လ်တာဗီဂို (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဆယ်လ်တာဗီဂိုတို့ ခုနောက်ပိုင်း ခံစစ်ပျော့ပြီး ရှုံးပွဲတွေ ဆက်နေတယ်။ လက်ရှိဆယ်လ်တာဗီဂိုရဲ့ ခြေစွမ်းနဲ့ဆို တန်းမ ဆင်းရရေး အသည်းအသန်ရုန်းနေရတဲ့ အိမ်ရှင်ကာဒစ်ဇ်ရဲ့ အိမ် ကွင်းအားကို တောင့်ခံနိုင်ဖို့ လွယ်မှာမဟုတ်ဘူး။ ကာဒစ်ဇ်နဲ့ ဂိုး အနည်းပဲရွေးထားရမယ်။

ဗယ်လက်ကာနို - ဗီလာရီးယဲလ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ပထမအကျော့ ဗီလာရီးယဲလ်ကွင်းမှာ ဗယ်လက်ကာနိုတို့ အနိုင်ရထားပေမယ့် အစဉ်အလာတွေအရတော့ ဗီလာရီးယဲလ်ကို ဗယ်လက်ကာနိုမယှဉ်နိုင်ပါဘူး။ အခုတလော ဗယ်လက်ကာနို ခံစစ်ကစားပုံလျော့နေလို့ ဗီလာရီးယဲလ်တိုက်စစ်ကို တောင့်ခံဖို့ လည်းခက်ပါလိမ့်မယ်။ ဗီလာရီးယဲလ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်အ တွက်မလွယ်တော့ပေမယ့် ဥရောပဝင်ခွင့်တစ်နေရာအတွက် တော့အိမ်ကွင်းမှာ နိုင်ပွဲယူထားဖို့ကြိုးစားမှာပါ။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲကြိုက်တယ်။

အယ်မယ်ရီယာ - ဗယ်လာဒိုလစ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

တန်းမဆင်းရရေးအပြိုင်ရုန်းနေရတဲ့ ဒီနှစ်သင်းပွဲက ပြိုင် ဆိုင်မှုအားကောင်းမှာသေချာတယ်။ အမှတ်လိုနေချိန်မှာ အိမ်ရှင် အယ်မယ်ရီယာက သူတို့ရဲကအိမ်ကွင်းအားကောင်းမှုကို ကောင်း ကောင်းအသုံးချသွားမှာသေချာတယ်။ အယ်မယ်ရီယာနဲ့ ဂိုးအ နည်းပဲရွေးထားသင့်တယ်။

ဟီရိုနာ - ဘက်တစ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ကွန်းဖရန့်လိဂ်ဝင်ခွင့်တစ်နေရာအတွက် အိမ်ကွင်းမှာ နောက်ဆုံးဖွင့်တိုက်မယ့် ဟီရိုနာရဲ့ အိမ်ကွင်းအားကို ဘက်တစ် တောင့်ခံနိုင်ပါ့မလား။ ဘက်တစ်ခုတလော အဝေးကွင်းမှာ ခံစစ် ကို ပိုဂရုစိုက်ကစားလာပေမယ့် တိုက်စစ်ကတော့ အဝေးကွင်း မှာ ဂိုးသွင်းနှုန်းလျော့နေလို့ ဟီရိုနာကိုဒုက္ခပေးဖို့ မလွယ်နိုင် လောက်ဘူး။ ဒါ့ပြင် ဥရောပဝင်ခွင့်တစ်နေရာသေချာနေလို့ အခု ပွဲကို ထိန်းထိန်းသိမ်းသိမ်းပဲ ကစားသွားဖို့များနေတယ်။ ဂိုးနည်း သရေပွဲလောက်ပဲမှန်းထားချင်တယ်။

ဗလင်စီယာ - အက်စ်ပန်ညို (တနင်္ဂနွေည ၁၁း၃၀ နာရီ)

အက်စ်ပန်ညိုက တန်းမဆင်းရရေးအတွက်အစွမ်းကုန် ရုန်းကန်နေတယ်။ နောက်ဆုံးအဝေးကွင်းပွဲမှာလည်း ဗယ်လက် ကာနိုကို အနိုင်ယူပြထားတယ်။ ဒီပွဲကဗလင်စီယာဘယ်လိုကစား မလဲဆိုတဲ့အနေအထားအပေါ်မူတည်နေပါတယ်။ အက်စ်ပန်ညို နဲ့ ဂိုးအနည်းပဲကောင်းမယ်ထင်တယ်။

 

Most Read

Most Recent