လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သဖြင့် စိတ်ပျက်မိကြောင်းနှင့် ဆင်ခြေပေးရန်မရှိကြောင်း ဆာလာ ပြောကြား

လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သဖြင့် စိတ်ပျက်မိကြောင်းနှင့် ဆင်ခြေပေးရန်မရှိကြောင်း ဆာလာ ပြောကြား
Photo: Twitter
Photo: Twitter
Published 27 May 2023

 

လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလာက လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့သဖြင့် စိတ်ပျက်မိကြောင်းနှင့် ဆင်ခြေပေးရန်မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် မန်ယူအသင်းမှာ ချယ်လ်ဆီးအသင်းကို နိုင်ပွဲရရှိခဲ့သောကြောင့် လီဗာပူးလ်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီဖြစ်ပြီး အဆင့် ၅ နေရာဖြင့် ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိတော့မည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းအနေဖြင့် ယာဂန်ကလော့ပ် စတင်ကိုင်တွယ်သည့် ၂၀၁၅-၂၀၁၆ ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ပြီးနောက်ပိုင်း ခုနစ်ရာသီအကြာတွင် ယင်းအခြေအနေကို တစ်ကျော့ပြန် ရင်ဆိုင်ရခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဆာလာက  Twitter မှတစ်ဆင့် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် တကယ်ကို စိတ်ပျက်မိပါတယ်။ အဲဒီလိုဖြစ်ခဲ့ရတဲ့အတွက် ဆင်ခြေပေးစရာလည်း လုံးဝမရှိပါဘူး။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လိုအပ်တာတွေအားလုံးကို ကျွန်တော်တို့ လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ကျွန်တော်တို့က လီဗာပူးလ်အသင်းဖြစ်လို့ အနိမ့်ဆုံးတော့ ဒီပြိုင်ပွဲကို ဝင်ခွင့်ရသင့်ပါတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီအခြေအနေကို အကောင်းမြင်တဲ့ပို့စ် ရေးဖို့တော့ စောလွန်းပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်ရော ခင်ဗျားတို့ (ပရိသတ်တွေ) ကိုပါ နိမ့်ကျစေခဲ့ပါတယ်" ဟု ဆာလာက ပြောကြားခဲ့သည်။

Most Read

Most Recent