နိုင်ငံတောင်ပိုင်း ဘဲလ်ဂိုရော့ဒေသထဲ ထိုးဖောက်စိမ့်ဝင်လာသော ယူကရိန်း အဖျက်သမားများနှင့် ရုရှားစစ်သားများ တိုက်ခိုက်နေသည်ဟု ရုရှားအစိုးရ ထုတ်ပြန်

နိုင်ငံတောင်ပိုင်း ဘဲလ်ဂိုရော့ဒေသထဲ ထိုးဖောက်စိမ့်ဝင်လာသော ယူကရိန်း အဖျက်သမားများနှင့် ရုရှားစစ်သားများ တိုက်ခိုက်နေသည်ဟု ရုရှားအစိုးရ ထုတ်ပြန်
ဘဲလ်ဂိုရော့ကို တိုက်ခိုက်ခြင်းမရှိဟု ယူကရိန်းအစိုးရက ပြောကြားထားပြီး ရှေ့တန်းတစ်နေရာတွင် ယူကရိန်းစစ်သားများကို တွေ့ရစဉ် (Photo: AFP)
ဘဲလ်ဂိုရော့ကို တိုက်ခိုက်ခြင်းမရှိဟု ယူကရိန်းအစိုးရက ပြောကြားထားပြီး ရှေ့တန်းတစ်နေရာတွင် ယူကရိန်းစစ်သားများကို တွေ့ရစဉ် (Photo: AFP)
Published 23 May 2023
Ref: AFP

ပဋိပက္ခဖြစ်ပွားနေသော နယ်မြေဖြစ်သည့် ဘဲလ်ဂိုရော့တွင် နောက်ဆုံးဖြစ်ပွား သောတိုက်ပွဲကို နယ်ခံများ ရှောင်ထွက်ပြေးလာစဉ် ရုရှားစစ်သားများသည် ယင်းဒေသထဲသို့ စိမ့်ဝင်လာသော ယူကရိန်းအဖျက်သမား အုပ်စုနှင့်တိုက်ခိုက်နေသည်ဟု မေလ ၂၂ ရက်တွင် ရုရှားက ပြောကြားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားကျူး ကျော်မှုစတင်ပြီးနောက်ပိုင်း ပထမဆုံးအဖြစ်  ရုရှားအာဏာပိုင်များက ဘဲလ်ဂိုရော့တွင် အကြမ်းဖက်တန်ပြန်ရေးစနစ်ကို အသုံးပြုခဲ့ကြသည်။

စစ်ပွဲစတင်ကတည်းက ယူကရိန်းနှင့် ထိစပ်နေသော ဘဲလ်ဂိုရော့ဒေသသည် လူဒါဇင်ချီသေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများကို  ထပ်တလဲလဲခံခဲ့ရသည်။

နောက်ဆုံးဖြစ်ပွားသော ကျူးကျော်ဝင်ရောက်မှုတွင် အဖျက်အမှောင့်အုပ်စု၏ အဖွဲ့ဝင်များက ယူကရိန်းနိုင်ငံထဲမှ ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ရုရှားအာဏာပိုင်များက ပြောကြားသည်။ ယင်းကိစ္စကို သမ္မတဗလာဒီမာပူတင်ထံ အကြောင်းကြားထားသည်ဟု ၎င်းတို့က ဖြည့်စွက်ပြောကြားသည်။

လူရှစ်ဦး ဒဏ်ရာရသည်ဟု အုပ်ချုပ်ရေးမှူးဗိုင်ချီဆလပ်ဂလဒ်ကော့က ပြောကြားပြီး  အာဏာပိုင်များက တိုက်ပွဲရှောင်ပြည်သူများကို အကူအညီပေးနေသည်ဟုဆိုသည်။

ညအချိန်တွင် ရုရှားတပ်များက ယူကရိန်းအရှေ့ပိုင်းမြို့ကြီးနီပရိုကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် အဆက်မပြတ်တိုက်ခိုက်နေချိန်တွင် ဘဲလ်ဂိုရော့ ကျူးကျော်တိုက်ခိုက်ခံရသည်ဟု ရုရှားအစိုးရက ထုတ်ပြန်သည်။ မိမိတို့သည်အရှေ့ပိုင်းမြို့ဘတ်မွတ်ကို ထိန်းချုပ်ရေးအတွက် တိုက်ခိုက်နေဆဲဖြစ်သည် ဟု ယူကရိန်းက ပြောကြားသည်။

“ဒီနေရာမှာ အခြေအနေဟာ တော်တော်လေး ဆက်လက် ဆိုးရွားနေပါတယ်” ဟု ဂလဒ်ကော့က ပြောကြားသည်။ အာဏာပိုင်များသည် နယ်ခံများကို တစ်အိမ်တက်တစ်အိမ်ဆင်း အသိပေးနေသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ပြည်သူအများစုဟာ နယ်မြေကို စွန့်ခွာသွားကြပါတယ်။ မကြာမီမှာ ကျွန်တော်တို့ရဲ့ စစ်တပ်ဟာ တာဝန် ပြီးစီးတော့မှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရုရှားတောင်ပိုင်းဒေသတွင် စတင်အသုံးပြုသောအကြမ်းဖက်တန်ပြန်ရေးစနစ်သည် လုံခြုံရေးအဖွဲ့များကို အထူးအာဏာများ ပေးအပ်ထားခြင်းဖြစ်ပြီး တိုးမြှင့်ထားသောလုံခြုံရေးနှင့် စောင့်ကြည့်သတင်းယူ ခြင်းတို့အပါအဝင် ကန့်သတ်ချက်များနှင့် အစီအမံများ အသက်ဝင်အောင် လုပ်ဆောင်ရေးတို့ လိုအပ်သည်။

ရုရှားအာဏာပိုင်များက တောင်တန်းထူထပ်သော ချေချင်းညှာဒေသတွင် ဒုတိယအကြိမ်စစ်ဆင်ရေးပြုလုပ်ချိန် ၁၉၉၉ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်အကြားတွင် အလားတူစနစ်ကို ချေချင်းညှာ၌ အသုံးပြုခဲ့သည်။

ဘဲလ်ဂိုရော့ကို ကျူးကျော်ခြင်းအတွက် တာဝန်ရှိသည်ဟု ရုရှားအစိုးရဆန့်ကျင်ရေးအဖွဲ့ဖြစ်သည့် Freesom of Russia Legion ၏ အဖွဲ့ဝင်များက ပြောကြားသည်။

၎င်းတို့ အုပ်စု၏ Telegram မှတစ်ဆင့် ထုတ်ပြန်သော ဗီဒီယိုတွင် “ရုရှားလွတ် မြောက်မယ်”ဟု ရုပ်ဖျက်ထားသည့် ဝတ်စုံဝတ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။ ယင်းပြောကြားချက်မှာ ရုရှားအ တိုက်အခံတက်ကြွလှုပ်ရှားသူများ အသုံးပြုတတ်သောစကားဖြစ်သည်။                

Most Read

Most Recent