Move Forward ပါတီ၏ မူဝါဒလမ်းစဉ်မူကြမ်းတွင် တော်ဝင်အသရေဖျက်မှုဥပဒေ ပြင်ဆင်ရေးကို ထည့်သွင်းထားခြင်းမရှိ

Move Forward ပါတီ၏ မူဝါဒလမ်းစဉ်မူကြမ်းတွင် တော်ဝင်အသရေဖျက်မှုဥပဒေ ပြင်ဆင်ရေးကို ထည့်သွင်းထားခြင်းမရှိ
မေ ၁၈ ရက်က ဘန်ကောက်မြို့တွင် Move Forward ပါတီခေါင်းဆောင်၊ ဝန်ကြီးချုပ်လောင်း ပီတာလင်ဂျာရွန်ရတ်နှင့် ညွန့်ပေါင်းမဟာမိတ်များ စုပေါင်းဓာတ်ပုံရိုက်နေစဉ် (Photo: AFP)
မေ ၁၈ ရက်က ဘန်ကောက်မြို့တွင် Move Forward ပါတီခေါင်းဆောင်၊ ဝန်ကြီးချုပ်လောင်း ပီတာလင်ဂျာရွန်ရတ်နှင့် ညွန့်ပေါင်းမဟာမိတ်များ စုပေါင်းဓာတ်ပုံရိုက်နေစဉ် (Photo: AFP)
Published 22 May 2023
Ref: AFP

ထိုင်းနိုင်ငံ၏ တိုးတက်ပြောင်းလဲရေးဝါဒီ Move Forward (ရှေ့သို့ချီ) ပါတီဦးဆောင်သော ညွန့်ပေါင်းမဟာမိတ် အဖွဲ့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေး၊ တစ်ဦးတည်းချုပ်ကိုင်မှုစနစ်ကို အဆုံးသတ်ရေး၊ လိင်တူချင်းလက်ထပ်မှုကို ခွင့်ပြုရေးအပါအဝင် ရည်မှန်းချက်ကြီးသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်မှန်းထားသည် ဟု မေ ၂၂ ရက်က ထုတ်ပြန်ခဲ့သည့် မူဝါဒလမ်းစဉ်မူကြမ်းတွင် ဖော်ပြထားသည်။

သို့ရာတွင် တော်ဝင်အသရေဖျက်မှု ဥပဒေ ပြင်ဆင်ရေးကိုမူ အဆိုပါမူကြမ်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။

အဓိက အတိုက်အခံပါတီများဖြစ်သည့် Move Forward နှင့် ဖြူထိုင်းပါတီတို့သည် မေ ၁၄ ရက် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့ကာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီးကတည်းက တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားခဲ့သည့် ဘုရင်စနစ် ထောက်ခံသော ထိုင်းစစ်တပ်ကျောထောက် နောက်ခံပြု ရှေးရိုးစွဲပါတီများကို ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။

Move Forward (ရှေ့သို့ချီ) ပါတီသည် အခြားမဟာမိတ် နိုင်ငံရေးပါတီ ခုနစ်ပါတီနှင့်အတူ ဒီမိုကရေစီ အခြေခံသော အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဟု ၎င်းပါတီ၏ ဝန်ကြီးချုပ်လောင်း ပီတာလင်ဂျာရွန်ရတ်က မေ ၁၈ ရက်တွင် ကြေညာခဲ့သည်။

လက်ရှိညွန့်ပေါင်းအဖွဲ့တွင် ရှစ်ပါတီပါဝင်မည်ဖြစ်ပြီး Move Forward၊ ဖြူထိုင်း၊ ပရာချာချက်၊ ထိုင်းလစ်ဘရယ်ပါတီ၊ ထိုင်းဆန်ထိုင်း၊ Fair ပါတီ၊ Plung Sungkom Mai နှင့် Pue Thai Rumphlang ပါတီတို့ ပါဝင်မည်ဖြစ်သည်။ ၎င်းပါတီရှစ်ပါတီသည် အမတ်နေရာ ၅၀၀ ရှိ အောက်လွှတ်တော်တွင် အမတ်နေရာစုစုပေါင်း ၃၁၃ နေရာ ရရှိထားသည်။

၎င်းပါတီများအနေဖြင့် ညွန့်ပေါင်းသဘောတူညီချက်ကို မေ ၂၂ ရက် နှောင်းပိုင်းတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့သည့် စစ်တပ်အာဏာသိမ်းမှု ကိုးနှစ်ပြည့်အထိမ်း အမှတ်နေ့တွင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်သွား မည်ဖြစ်သည်။

Move Forward ပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီး အောက်လွှတ်တော်တွင် အမတ်နေရာအများဆုံးရရှိသည့် ပါတီအဖြစ် ပေါ်ထွက်လာခဲ့သည်။ ပါတီ၏ မူဝါဒလမ်းစဉ်များအပေါ် လူငယ်မဲဆန္ဒရှင်များက အလွန်နှစ်သက် သဘောကျလျက်ရှိသည်။ သို့ရာတွင် ဘုရင် စနစ်ကို စော်ကားသူအား နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် တော်ဝင်အသရေဖျက်မှု ဥပဒေ ပြင်ဆင်ရေးအပါအဝင် ၎င်းပါတီ၏ မူဝါဒ လမ်းစဉ်များသည် ကွန်ဆာဗေးတစ် စီးပွားရေးလုပ်ငန်းကြီးများ၏ အကျိုးစီးပွားများ၊ အင်စတီကျူးရှင်းများနှင့် ကွဲလွဲဆန့်ကျင်နေသည်။

မဟာမိတ်ညွန့်ပေါင်းပါတီများက Move Forward ပါတီက ရေးဆွဲထားသည့် ကနဦး အဆိုပြုချက်မူကြမ်းအပေါ် ၈၀ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်းအထိ ထောက်ခံကြသော်လည်း ညှိနှိုင်းစရာများ ကျန်ရှိနေသေးသည်ဟု ၎င်းပါတီ၏ အကြီးတန်းတာဝန်ရှိသူတစ် ဦးဖြစ်သည့် ဘန်ချာဆာအန်ချန်ထရာက ပြောကြားခဲ့သည်။

ညွန့်ပေါင်းပါတီ ရှစ်ပါတီစလုံးက ထောက်ခံမှသာ တော်ဝင်အသရေဖျက်မှု ဥပဒေ ပြင်ဆင်မည့် အစီအစဉ်ကို ထည့်သွင်းသွားမည်ဟု မေ ၁၉ ရက်တွင် ၎င်းပါတီကပြောကြားခဲ့သည်။

ယခုထုတ်ပြန်ခဲ့သည့် မူကြမ်းတွင် Move Forward ပါတီ၏ အထင်ကရ မူဝါဒများဖြစ်သော အာဏာနှင့် ဘတ်ဂျက်အား ဗဟိုမှချုပ်ကိုင်ထားမှုကိုလျှော့ချရေး၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုကို အဆုံးသတ်ရေးနှင့် က ဏ္ဍစုံ ကုန်သွယ်မှုများကို မျှတစွာယှဉ်ပြိုင်မှုကို ထောက်ခံရေး အစရှိသည့် မူဝါဒများ ပါဝင်ကြောင်း သိရသည်။              Ref: AFP

Most Read

Most Recent