စပါးအသင်း၏ ယာယီနည်းပြ ရိုင်ယန်မေဆင်က တိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် ပရိသတ်များအား လက်ပြနှုတ်ဆက်ခြင်းမှာ ရာသီတိုင်းပြုလုပ်နေကျဖြစ်ပြီး အသင်းမှ ထွက်ခွာမည့်အဓိပ္ပာယ်မဟုတ်ဟု ကာကွယ်ပြောကြားခဲ့သည်။
ဟာရီကိန်းသည် ဘရန့်ဖို့ဒ်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ယခုရာသီ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်သည့်အတွက် မိသားစုနှင့်အတူ ကွင်းအတွင်းဝင်ရောက်ကာ ပရိသတ်များအား လက်ပြနှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။
ဟာရီကိန်းသည် စပါးအသင်းနှင့် လမ်းခွဲတော့မည်ဟု သတင်းထွက်နေသူဖြစ်သောကြောင့် ရိုင်ယန်မေဆင်အား မေးမြန်းခဲ့ရာ ၎င်းက ''မဟုတ်ပါဘူး။ သူက ပရိသတ်တွေကို ရာသီတိုင်းမှာ လက်ပြနှုတ်ဆက်နေကျပါ''ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။















