အိန္ဒိယဝန်ကြီးချုပ်မီုဒီ ပစိဖိတ်ကျွန်းနိုင်ငံများသို့ သွားရောက်

အိန္ဒိယဝန်ကြီးချုပ်မီုဒီ ပစိဖိတ်ကျွန်းနိုင်ငံများသို့ သွားရောက်
Published 21 May 2023

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီသည် မေ ၂၁ ရက်တွင်ပါအပူအာ နယူးဂီနီနှင့် သြစတြေးလျနိုင်ငံများသို့ သွားရောက်မှုနှင့်အတူ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့တွင် တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်နေမှုကို တန်ပြန်ရန် အိန္ဒိယအစိုးရက ကြိုးပမ်းလျက်ရှိသည်။

အနောက်နိုင်ငံများကမူ ကျယ်ပြန့်သော ယင်းဒေသကို အင်ဒို-ပစိဖိတ်ဒေသအဖြစ် မကြာခဏ ရည်ညွှန်းပြောဆိုလေ့ရှိသော်လည်း မကြာသေးမီနှစ်များအတွင်း အဆိုပါဒေသရှိ ကျွန်းနိုင်ငံငယ်များနှင့် ကုန်သွယ်ရေး၊ အကူအညီပေးရေးတို့တွင် တရုတ်အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများနှင့် နှိုင်းယှဉ်ပါက အိန္ဒိယသည် များစွာ နောက်ကျကျန်နေခဲ့သည်။

မကြာသေးမီ ဆယ်စုနှစ်များအတွင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမတိုင်မီ ပစိဖိတ်ကျွန်းနိုင်ငံအချို့သည် ၎င်းတို့၏ သံတမန်အသိအမှတ်ပြုမှုကို ထိုင်ဝမ်မှ တရုတ်သို့ ပြောင်းလဲခဲ့သည်။

တစ်ချိန်တည်းမှာပင် ပတ်လမ်း ရပ်ဝန်းစီမံကိန်းနှင့်အတူ တရုတ်သည် သီရိလင်္ကာ၊ မော်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျဘူတီအပါအဝင် အိန္ဒိယသမုဒ္ဒရာအနီးဝန်းကျင်ရှိ နိုင်ငံများနှင့် အခြေခံအဆောက်အအုံ သဘောတူညီမှုများကို ဆွေးနွေးခဲ့ပြီး တစ်ခါတစ်ရံတွင် စစ်ရေးသဘောတူညီမှုများလည်း ပါဝင်ခဲ့သည်။

အိန္ဒိယအစိုးရကမူ ယင်းဒေသကို ၎င်း၏အိမ်နောက်ဖေးကွက်လပ်အဖြစ် ရှုမြင်ထားပြီး တရုတ်၏လှုပ်ရှားမှုများသည် အိန္ဒိယအရာရှိများကို တပ်လှန့်နှိုးဆော်ရာရောက်ခဲ့သည်။

“တရုတ်ဟာ တောင်တရုတ်ပင်လယ်ကို ကြီးစိုးထားပါတယ်။ ကျွန်းနိုင်ငံတွေကို သွားရောက်တဲ့ အိန္ဒိယရဲ့ ခရီးစဉ်ဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံး အခွင့်အလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်”ဟု အိန္ဒိယရေတပ်၏ ပြောရေးဆိုခွင့်ရှိသူဟောင်းဖြစ်ပြီး ရေတပ်စစ်မှုထမ်းဟောင်းလည်းဖြစ်သည့် ဒီကေရှာမာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။ Ref: AFP

Most Read

Most Recent