စပိန်လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 21 May 2023

ဗယ်လက်ကာနို - အက်စ်ပန်ညို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

အက်စ်ပန်ညိုရဲ့ အခြေအနေက အတော်လေးဆိုးနေတယ်။ ပန်းဝင်ခါနီးရုန်းကန်နေရတဲ့အချိန်မှ ခံစစ်ကစားပုံလည်းပြိုလဲနေ တယ်။ ဒီခံစစ်နဲ့ ဗယ်လက်ကာနိုရဲ့ အိမ်ကွင်းမှာ အိမ်ရှင်ကိုတောင့် ခံကစားပြနိုင်ဖို့ မလွယ်လှဘူး။ အစဉ်အလာရ အက်စ်ပန်ညိုအသာ ရထားပေမယ့် ဒီပွဲတော့ ဗယ်လက်ကာနိုနဲ့ ဂိုးအများပါပဲ။

အက်သလက်တီကို - အိုဆာဆူနာ (တနင်္ဂနွေည ၈း၄၅ နာရီ)

ပြီးခဲ့တဲ့ပွဲမှာ ဇယားအောက်ဆုံးကအယ်လ်ချီကိုမထင် မှတ်ဘဲရှုံးနိမ့်ပြီး ရီးယဲလ်မက်ဒရစ်လက်ထဲ ပြန်ထည့်ပေးလိုက်ရ တဲ့ အဆင့် (၂)နေရာကိုပြန်ယူဖို့ အက်သလက်တီကိုကြိုးစား လာပါလိမ့်မယ်။ အိုဆာဆူနာကလည်း ဥရောပဝင်ခွင့်မျှော်လင့် ချက် ခပ်ပါးပါးလေးအတွက် တိုက်ပွဲဝင်ဖို့ရှိနေလို့ အက်သလက် တီကိုကို အလျှော့ပေးမှာမဟုတ်ပါဘူး။ အထူးသဖြင့် အဝေး ကွင်းခံစစ်ကစားပုံစနစ်ကျတဲ့ အိုဆာဆူနာခံစစ်ကို အက်သ လက်တီကိုဖြိုခွဲဖို့ခက်ပါလိမ့်မယ်။ ဂိုးနည်းသရေပွဲပဲထင်တယ်။

ဗလင်စီယာ - ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဗလင်စီယာကတော့ တန်းဆင်းအန္တရာယ်ကင်းအောင် ကြိုးစားရဦးမယ်။ ကစားပုံက ခုနောက်ပိုင်းအတက်ဘက်ပြလာ ပေမယ့် တိုက်စစ်ကဂိုးရဖို့ သိပ်စိတ်မချရသေးသလိုတော့ရှိနေ တယ်။ ရီးယဲလ်မက်ဒရစ်ကလည်း ဒုတိယနေရာမြဲအောင်ကစား ရဦးမှာဆိုပေမယ့် ဒီပွဲမှာ ချန်ပီယံလိဂ်ပွဲရလဒ်က သက်ရောက် မှုရှိနေနိုင်တယ်။ ဒါ့ပြင် ရီးယဲလ်မှာ ဒဏ်ရာပြဿနာအချို့လည်း ရှိနေသေးလို့ ဗလင်စီယာရဲ့ အိမ်ကွင်းရုန်းအားကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့များနေနိုင်တယ်။ ဗလင်စီယာဟာ အစဉ်အလာအရ ရီးယဲလ်ကိုယှဉ်နိုင်လေ့မရှိပေမယ့် ဒီတစ်ပွဲတော့ တန်းဆင်းအ န္တရာယ်မှလွတ်မြောက်ရေးအတွက် အိမ်ကွင်းမှာ ဖွင့်တိုက်လာ မှာပါ။ လာလီဂါနောက်ဆုံးအဝေးကွင်းပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ရီး ယဲလ်တိုက်စစ်အခုပွဲလည်း ဂိုးရဖို့ရုန်းကန်ရပါဦးမယ်။  ဗလင်စီ ယာနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။

ဆီဗီလာ - ဘက်တစ် (တနင်္လာနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံး ဥရောပဝင်ခွင့်မျှော်လင့်ချက်နဲ့ ကစားမယ့် ဆီးဗီးလ်ဒါဘီပွဲပါပဲ။  တစ်ခုရှိတာက ဆီဗီလာက ယူရိုပါလိဂ်ဆီ မီးဖိုင်နယ်ပွဲနွှဲထားရပြီး အဲဒီပြိုင်ပွဲရလဒ်ကပဲ ဒီပွဲအပေါ်သက် ရောက်မှုကြီးမားလာနိုင်ပါတယ်။ ဆီဗီလာအနေနဲ့ နည်းပြမန်ဒီ လီဘာလက်ထဲ စိတ်ဓာတ်နဲ့ ကစားပုံပြောင်းလဲသွားပြီး ခြေစွမ်း ပိုင်းသိသိသာသာတိုးတက်လာတာကြောင့် ဘက်တစ်ရဲ့လက် ရှိခြေစွမ်းနဲ့တားဆီးနိုင်ဖို့ခက်မှာပါ။ အိမ်ကွင်းအားသာချက်ရှိတဲ့ ဆီဗီလာကိုပဲရွေးထားချင်တယ်။ ဂိုးလည်းများမယ်။

Most Read

Most Recent