နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 20 May 2023

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက်စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ကြောင်း  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မေ ၁၉ ရက်က ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ၏ (၃/၂၀၂၃) ကြိမ် မြောက်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် ၄၀၀ ဘီလျံမှ ပထမဦးစွာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ်ဘီလျံ၂၃၀၊ ကယားပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ကျပ် ၁၀ ဘီလျံ စီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ကျပ် ရှစ်ဘီလျံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ခြောက်ခုတို့သို့ ကျပ် ၅ ဘီလျံစီဖြင့် စုစုပေါင်း ရန်ပုံငွေကျပ် ဘီလျံ ၃၃၀ ကို မတည်ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။

ဒုတိယအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန်ငွေကျပ် ဘီလျံရ၀ မှ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေရန်ပုံငွေ ထူထောင်နိုင်ရေးအတွက် ကျပ်ဘီလျံ ၅၀ နှင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကျပ်ဘီလျံ၂၀ တို့ကိုခွင့်ပြုခဲ့ကြောင်း၊ တတိယအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေလက်ကျန်ငွေမှ ကျပ် ၅၂ ဘီလျံကို နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေသို့ လွှဲပြောင်းရယူ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့သို့ ကျပ် ၁၀ ဘီလျံစီ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ ငွေကျပ် ၈ ဘီလျံံစီပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဖြန့်ခွဲထုတ်ပေးထားမှုမှာ စုစုပေါင်း ငွေကျပ် ၄၅၂ ဘီလျံဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တစ်ဦးချင်းအတွက် အများဆုံးထုတ်ချေးရမည့် ချေးငွေပမာ ဏထက်ကျော်လွန်၍ ထုတ်ချေးထားသော ချေးငွေများအပေါ် လုံလောက်သော အာမခံ ရယူထားရေး၊ ချေးငွေသက်တမ်းကာလအတွင်း အရင်း/အတိုး ပုံမှန် ပြန်လည်ပေးဆပ်စေရေးနှင့် ချေးငွေသက်တမ်းမစေ့ရောက်သော်လည်း စတင်ချေးယူခဲ့သည့်ရက်မှစ၍ တစ်နှစ်ပြည့်ပါက အရင်း/အတိုး ပြေကျေစွာ ပြန်လည်ပေးဆပ်စေရေးဆောင်ရွက်ရန်နှင့် ချေးငွေပေးဆပ်ပြီးပါက ချေးငွေပမာဏသတ် မှတ်ချက်အတွင်းမှသာ ထုတ်ချေးသွားရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့များသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း^ဒေသခြောက်ခုတို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး ကျန်ရှိသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သို့လည်း Virtual Meeting ပြုလုပ်ကာ စစ်ဆေးမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက်စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိက သုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရန်ပုံ ငွေအားလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်­­­ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

Most Read

Most Recent