၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တတိယသုံးလပတ်အတွင်း အခွန်အရပ်ရပ်ကောက်ခံံရရှိငွေ ကျပ် ၁၈၁၉ ဘီလျံကျော်ရှိပြီး စုစုပေါင်းအခွန်ရရှိမှု၏ ၄၆ ရာခိုင်နှုန်းနီးပါးကို ဝင်ငွေခွန်မှ ရရှိခြင်းဖြစ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တတိယသုံးလပတ်အတွင်း အခွန်အရပ်ရပ်ကောက်ခံံရရှိငွေ ကျပ် ၁၈၁၉ ဘီလျံကျော်ရှိပြီး စုစုပေါင်းအခွန်ရရှိမှု၏ ၄၆ ရာခိုင်နှုန်းနီးပါးကို ဝင်ငွေခွန်မှ ရရှိခြင်းဖြစ်
Published 11 May 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ် ၁၈၁၉ ဘီလျံကျော်ရှိပြီး စုစုပေါင်းအခွန်ရရှိမှု၏ ၄၆ ရာခိုင်နှုန်းနီးပါးကို ဝင်ငွေခွန်မှ ကောက်ခံရရှိခြင်းဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

အဆိုပါကာလအတွင်း ဝင်ငွေခွန်မှ ကျပ် ၈၃၁ ဒသမ ၈၇၄ ဘီလျံကျော်၊ အထူးကုန်စည်ခွန်မှ ၃၃၄ ဒသမ ၂၃၇ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၆၀၈ ဒသမ ၃၁၆ ဘီလျံကျော်စသည်ဖြင့် ကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်အောက်တိုဘာမှ  ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွင်း ဝင်ငွေခွန်မှ ကျပ်ဘီလျံ ၁၄၂၄ ဒသမ ၆၊ ကုန်သွယ်လုပ်ငန်းခွန်မှကျပ်ဘီလျံ ၉၉၈ ဒသမ ၁၊ အထူးကုန်စည်ခွန်မှ ကျပ်ဘီလျံ ၅၇၄ ဒသမ ၉၊ တံဆိပ်ခေါင်းခွန်မှကျပ်ဘီလျံ ၅၃ ဒသမ ၁ စသည်ဖြင့် စုစုပေါင်း ကျပ်ဘီလျံ ၃၀၆၉ ကောက်ခံရရှိခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန (IRD) ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက် ပြည်ထောင်စု၏အခွန် ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆  ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ ၅၆၈ သန်းရရှိခဲ့ သည်။

နှစ်စဉ် ဝင်ငွေခွန်ရငွေစာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ကျပ် ၃၃၇၉ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကားပြီးဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

နှစ်စဉ်အထူးကုန်စည်ခွန်ရငွေစာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂ ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်း ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်ရငွေ စာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ်လ အထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃  သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ကျပ် ၂၂၅၆၇၇၀ ဒသမ ၂၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ကျပ် ၂၁၁၀၁၈၇ ဒသမ ၂၁ သန်းရရှိခဲ့ကြောင်း  ပြည်တွင်းအခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent