အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ အိန္ဒိယနိုင်ငံသို့ လေးခုမြောက်ပျံသန်းသည့် ခရီးစဉ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့သို့ အပတ်စဉ် စနေနေ့တိုင်း ပျံသန်းရန်စီစဉ်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ အိန္ဒိယနိုင်ငံသို့ လေးခုမြောက်ပျံသန်းသည့် ခရီးစဉ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့သို့ အပတ်စဉ် စနေနေ့တိုင်း ပျံသန်းရန်စီစဉ်
Published 9 May 2023

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၏ အိန္ဒိယနိုင်ငံသို့ လေးခုမြောက်ပျံသန်းသည့် ခရီးစဉ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့သို့ အပတ်စဉ် စနေနေ့တိုင်းပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မေ ၆ ရက် စနေနေ့တွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၏ အိန္ဒိယနိုင်ငံသို့ လေးခုမြောက် စတင်ပျံသန်းသည့် အထူးခရီးစဉ်အဖြစ် ချန်နိုင်းမြို့မှ ပထမဆုံးရောက်ရှိလာသည့် လေယာဉ်အားရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆိုသည့်အခမ်းအနားအား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးကျော်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဗီနေးကူးမားနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းက တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းသည် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့သို့ အပတ်စဉ် စနေနေ့တိုင်းပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Grab Airport Taxi ဝန်ဆောင်မှု စတင်ခဲ့ပြီး Grab App မရှိသည့်ခရီးသည်များအနေဖြင့်လည်း လေဆိပ်အတွင်းရှိ Grab Taxi Service Counters များတွင် ဘိုကင်တင်၍ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၃ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များအတွက် ပိုမိုအဆင်ပြေရန် Grab Airport Taxi ဝန်ဆောင်မှုအား စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်းပြည်ပ Terminal နှစ်ခုလုံးတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် Grab App ကို အသုံးပြု၍ဖြစ်စေ Grab App မရှိသည့် ခရီးသည်များအနေဖြင့် လေဆိပ်အတွင်းရှိ Grab Taxi Service Counters များမှ တစ်ဆင့် လည်း ဝန်ဆောင်မှုအတွက် ဘိုကင်တင်နိုင်မည်ဖြစ်ပြီး ခရီးသည်များအနေဖြင့်လည်း မိမိတို့ စီးနင်းလိုက်ပါမည့် အငှားယာဉ်အား သတ်မှတ်ထားသော စောင့်ဆိုင်းဧရိယာမှ စောင့်ဆိုင်းပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

စင်ကာပူလေကြောင်းလိုင်းက လေယာဉ်အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုအဖြစ် ဘိုးရင်း ၇၃၇-၈ အမျိုးအစား လေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ-ရန်ကုန်-စင်ကာပူ ခရီးစဉ်အား စတင်ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ် မတ် ၂၆ ရက်က စင်ကာပူလေကြောင်းလိုင်းသည် ဘိုးရင်း ၇၃၇-၈ အမျိုးအစား လေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ-ရန်ကုန်-စင်ကာပူ ခရီးစဉ်အား ဆိုက်ရောက်ခရီးသည် ၁၀၆ ဦး၊ ထွက်ခွာခရီး သည် ၁၅၀ ဦးဖြင့် စတင်ပျံသန်းခဲ့ရာ စင်ကာပူလေကြောင်းလိုင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ခရီးသည်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကြိုဆိုခဲ့ကြသည်။

အဆိုပါ ဘိုးရင်း ၇၃၇-၈ လေယာဉ် အမျိုးအစားအသစ်သည် စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်များ၏ တစ်စိတ်တစ်ဒေသဖြစ်လာပြီဖြစ်ပြီး၊ လေယာဉ်အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုများဖြင့် ပိုမိုကောင်းမွန်၍ ဘေးကင်းလုံခြုံသော လေကြောင်း ခရီးသွားအတွေ့အကြုံအား ခရီးသည်များထံ ပေးအပ်နိုင်မည်ဟု သိရသည်။

Most Read

Most Recent