မြန်မာ့အရေးကိုဖြေရှင်းရာတွင် စေ့စပ်ညှိနှိုင်းနည်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး အရေးယူပိတ်ဆို့ခြင်းက အဖြေမဟုတ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ပြောကြား

မြန်မာ့အရေးကိုဖြေရှင်းရာတွင် စေ့စပ်ညှိနှိုင်းနည်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး အရေးယူပိတ်ဆို့ခြင်းက အဖြေမဟုတ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ပြောကြား
Published 9 May 2023
 Ref:The Straints Times

မြန်မာ့အရေးကို ဖြေရှင်းရာတွင် စေ့စပ်ညှိနှိုင်းနည်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး အရေးယူပိတ်ဆို့ခြင်းက အဖြေမဟုတ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားသည်။

မေ ၁၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန် ပြင်ဆင်နေစဉ် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

“(မြန်မာပြဿနာ)ကို အထူးသဖြင့် သေသေချာချာ ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စေ့စပ်ညှိနှိုင်းတာကနေ ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရ ပြောရရင် အရေးယူပိတ်ဆို့တာတွေဟာ အဖြေမဟုတ်ပါဘူး” ဟု သမ္မတဂျိုကိုဝီဒိုဒိုက ပြောကြားသည်။

ထို့ပြင် ၂၀၂၃ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံသည် လူတိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန်မူတို့ကို ကိုင်စွဲရန် ကြိုးပမ်းလျက်ရှိပြီး အာဆီယံသည် မည်သည့်နိုင်ငံ (သို့မဟုတ်) မည်သူ့အတွက်မျှ ကိုယ်စားလှယ်ဖြစ်လာမည်မဟုတ်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့က အာဆီယံကို ဘယ်သူနဲ့မဆို၊ ဘယ်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ ပွင့်ပွင့်လင်းလင်းရှိစေချင်တာကြောင့် အာဆီယံအတွင်းက ပြဿနာတွေကို ဖြေရှင်းရာမှာ စေ့စပ်ညှိနှိုင်းရေးမူကတစ်ဆင့်သွားလိုပါတယ်။ ဒါဟာ အထူးသဖြင့် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်” ဟု နှစ်ရက်ကြာအာဆီယံထိပ်သီးအစည်းအဝေး ကျင်းပမည့်နေရာဖြစ်သော အင်ဒိုနီးရှားအရှေ့ပိုင်း ဖလောရက်စ်ကျွန်းပေါ်ရှိ လာဘူအန်းဘာဂျိုအပန်းဖြေစခန်းကိုရောက်ရှိ လာပြီးနောက် မေ ၇ ရက်တွင် မစ္စတာဂျိုကို ဝီဒိုဒိုက သတင်းထောက်များကို ပြောကြားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်တို့အပါအဝင်နိုင်ငံအချို့က နစကကို ပိတ်ဆို့မှုများ ချမှတ်ထားကြသည်။

လက်ရှိတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအနေဖြင့် မြန်မာတပ်မတော်၏ လုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုပြင်းထန်သော အစီအမံများ ချမှတ်ရေးအတွက် လူ့အခွင့်အရေးအုပ်စုများထံမှ ဖိအားပေးမှုကို ပိုမိုရင်ဆိုင်နေရသည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံခေါင်းဆောင်ကိုးဦးနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထုတ်ပြန်ထားသော ဘုံသဘောတူညီချက် ငါးရပ်သည် ခိုင်လုံသော ရည်ညွှန်းချက်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု သမ္မတဂျိုကိုဝီဒိုဒိုက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီပေးနေသော အာဆီယံတာဝန်ရှိသူများ တိုက်ခိုက်ခံရသည်ကို မေ ၈ ရက် သတင်းစာရှသင်းလင်းပွဲတွင် မစ္စတာဂျိုကို ဝီဒိုဒိုက ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုက အကြမ်းဖက်မှု အဆုံးသတ်ရန် ကြိုးပမ်းအား ထုတ်မှုများကို အဟန့်အတားဖြစ်စေမည်မဟုတ်ဟု ဖြည့်စွက်ပြောကြားသည်။

အာဆီယံတာဝန်ရှိသူများ တိုက်ခိုက်ခံရချိန်၊ တိုက်ခိုက်မှုနောက်ကွယ်တွင် မည်သူရှိသနည်းဆိုသည်နှင့် ကိစ္စပတ်သက်၍ အသေးစိတ် ပြောကြားခြင်းမရှိဘဲ ၎င်းက အာဆီ ယံစောင့်ကြည့်ရေးအဖွဲ့လိုက်ပါသော “AHA Centre (ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီအတွက် အာဆီယံညှိနှိုင်းရေးဌာန)က လူသားချင်းစာနာမှု အကူအညီကိုပေးနေခြင်းဖြစ်သည်ဆိုသော်လည်း လမ်း၌ ပစ်ခတ်ခံရခြင်းမှာ အလွန်ကံခေသည်” ဟု ပြောကြားသည်။

 

Most Read

Most Recent