ဗြိတိန်တွင် ချားလ်စ်ဘုရင်၏ နန်းတက်ဘိသိက်ခံပွဲ ပြုလုပ်

ဗြိတိန်တွင် ချားလ်စ်ဘုရင်၏ နန်းတက်ဘိသိက်ခံပွဲ ပြုလုပ်
မေ ၆ ရက်က လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော်၏ လသာဆောင်တွင် လက်ကိုဝှေ့ယမ်းပြီး နှုတ်ဆက်နေသည့် ဗြိတိန်၏ တတိယမြောက် ချားလ်စ်ဘုရင် နှင့် ကြင်ယာတော်မိဘုရား ကမီလာတို့ကို တွေ့ရစဉ် - Photo: AFP
မေ ၆ ရက်က လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော်၏ လသာဆောင်တွင် လက်ကိုဝှေ့ယမ်းပြီး နှုတ်ဆက်နေသည့် ဗြိတိန်၏ တတိယမြောက် ချားလ်စ်ဘုရင် နှင့် ကြင်ယာတော်မိဘုရား ကမီလာတို့ကို တွေ့ရစဉ် - Photo: AFP
Published 7 May 2023
Ref: AFP

ဗြိတိန်တွင် နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး နန်းတက်ပွဲတစ်ခုအဖြစ် မေ ၆ ရက်က တတိယမြောက်ချားလ်စ်ဘုရင်သည် ဗြိတိန် နှင့် ဓနသဟာယ ၁၄ နိုင်ငံ၏အကြီးအကဲအ ဖြစ် နန်းတက်ဘိသိက်ခံပွဲ ပြုလုပ်ခဲ့သည်။

အသက် ၇၄ နှစ်အရွယ် ချားလ်စ်သည် ၎င်း၏ ကွယ်လွန်သွားခဲ့သည့် ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီး၏ နေရာကို ဆက်ခံ  သည့်အနေဖြင့် လန်ဒန်မြို့ရှိ ဝက်စ်မင်စတာ   ဘုရားကျောင်းတွင် ဘုရင်အဖြစ် သရဖူ ဆောင်းခဲ့သည့် အသက်အကြီးဆုံး ဘုရင်တစ် ပါး ဖြစ်လာခဲ့သည်။

ကန်တာဘူရီမြို့၏ ဘုန်းတော်ကြီး ဂျပ် စတင် ဝယ်လ်ဘီသည် ဗြိတိန်ထီးနန်း၏ တန်ဖိုးကြီး သင်္ကေတတစ်ခုဖြစ်သည့် စိန့် အက်ဒွပ်၏ ရွှေသရဖူကို ချားလ်စ်၏ဦးခေါင်း ပေါ်တွင် ဆောင်းပေးခဲ့သည်။

ထို့ပြင် ဝယ်လ်ဘီသည် ချားလ်စ်၏ ကြင် ယာတော် ကမီလာကိုလည်း မေရီဘုရင်မကြီး ၏ သရဖူကို ဆောင်းပေးခဲ့သည်။

ယင်းနန်းတက်ပွဲအခမ်းအနားကို ကမ္ဘာ တစ်ဝန်းမှ အစိုးရခေါင်းဆောင်များနှင့် တော် ဝင်မိသားစုများအပါအဝင် လူပေါင်း ၂၃၀၀ ခန့် တက်ရောက်ခဲ့သည်။

ယင်းအခမ်းအနားကို အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ကိုယ်စား သမ္မတကတော် ဂျေးလ်ဘိုင်ဒင်က တက်ရောက်ခဲ့ပြီး ချားလ်စ် ဘုရင်ကို ဂုဏ်ပြုကြောင်းနှင့် အမေရိကန်နှင့် ဗြိတိန်အကြား အဓွန့်ရှည်စွာတည်တံ့သည့် ခင်မင်ရင်းနှီးမှုကို ချီးကျူးဂုဏ်ပြုကြောင်း ဘိုင်ဒင်က Twitter တွင် ရေးသားခဲ့သည်။

ယင်းအခမ်းအနားကို တက်ရောက်ခဲ့ သည့် ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခ ရွန်က ယခုကဲ့သို့ သမိုင်းဝင်နေ့မျိုးတွင် ချားလ်စ်နှင့်အတူရှိရသည်မှာ ဂုဏ်ယူစရာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နှင့် အလှမ်းကွာဝေးသည့် ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် ဗန်နူအာတူနိုင်ငံ၏ တန်နာကျွန်းပေါ်တွင် လူပေါင်းများစွာ စုရုံး ခဲ့ကြပြီးချားလ်စ်၏ နန်းတက်ပွဲကို ဂုဏ်ပြုခဲ့ ကြသည်။ယင်းကျွန်းသူ ကျွန်းသားများသည် ချားလ်စ်၏ ကွယ်လွန်သွားခဲ့သည့် ဖခင်ဖြစ်သူ ဖီးလစ်မင်းသားကြီးကို နတ်ဘုရားတစ်ပါး သဖွယ် ကြည်ညိုကိုးကွယ်ခဲ့ကြသည်။

ဗြိတိန်နိုင်ငံတစ်ဝန်းတွင် သေနတ်ပစ် ဖောက် ဂုဏ်ပြုသံများနှင့်အတူ ဝက်စ်မင်စ တာဘုရားကျောင်းတွင်လည်း ခရာသံများ ဖြင့် နန်းတက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နန်းတက်ပွဲပြုလုပ်သည့် ဝက်စ်မင်စတာ ဘုရားကျောင်းမှ ဘက်ကင်ဟမ်နန်းတော်သို့ ပြန်လည်ရောက်ရှိချိန်တွင် တော်ဝင်မိသား စုသည် နန်းတော်၏ လသာဆောင်မှနေ၍ သောင်းနှင့်ချီသည့် ဧည့်ပရိသတ်များ၏ ဂုဏ် ပြုသံများနှင့် လက်ခုပ်သြဘာသံများကို ခံယူ ခဲ့သည်။

အချို့လူများသည် နန်းတော်အနီးတွင် ပြီးခဲ့သည့် ရက်များကတည်းက တဲထိုးပြီး  စောင့်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။

၁၉၅၃ ခုနှစ်က အဲလိဇဘတ်ဘုရင်မ ကြီး၏ နန်းတက်ပွဲပြီးလျှင် ပထမဆုံး ပြုလုပ် သည့် နန်းတက်ပွဲဖြစ်ပြီး ၁၉၃၇ ခုနှစ်နောက် ပိုင်း ပထမဆုံး ဘုရင်ဖြစ်သည့် ချားလ်စ်၏ နန်းတက်ပွဲကို ဆန့်ကျင်သူအချို့လည်း ရှိခဲ့ သည်။

အီဒင်ဘတ်မြို့တွင် ဘုရင်စနစ်ကိုဆန့် ကျင်သည့် ရာနှင့်ချီသည့်လူများ စုရုံးဆန္ဒပြ ခဲ့ကြပြီး လန်ဒန်ရဲတပ်ဖွဲ့ကမူ ဆန္ဒပြသည့် အဖွဲ့များကို နှိမ်နင်းရန် ယခုသီတင်းပတ်အ တွင်း ထုတ်ပြန်ခဲ့သည့် ဥပဒေ၏ လုပ်ပိုင်ခွင့် အသစ်များကို အသုံးပြုပြီး လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။