ငါးကြီးဆီ ကောင်းကျိုးများ

ငါးကြီးဆီ ကောင်းကျိုးများ
Published 4 May 2023
ဒေါက်တာလွင်သန့်

  ကမ္ဘာ့လူဦးရေသန်း ၈၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သေဆုံးသူအားလုံးရဲ့ သုံးပုံတစ်ပုံဟာ နှလုံးသွေးကြောရောဂါနဲ့ ဆက်စပ်နေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ဖော်ပြချက်အရသိရပါတယ်။ ရုရှားနိုင်ငံသားအများစုဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ မရှိဘူးလို့ သိရပါတယ်။ သူတို့ရဲ့လျှို့ဝှက်ချက်က ငါးကြီးဆီ (Fish Oil) စားသောက်မှုပဲဖြစ်ပါတယ်။ ငါးကြီးဆီမှာ အိုမီဂါသရီးနဲ့ အိုမီဂါစစ် (Omega-3v6) ပါဝင်ပါတယ်။ ဖရီးဖက်တီးအက်စစ် (Free Fatty acid) တွေဖြစ်တဲ့ သူတို့က နှလုံးသွေးကြောကျန်းမာရေး အထောက်အကူပြုပါတယ်။ ငါးကြီးဆီကိုနေ့စဉ်မှီဝဲရင်ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေရရှိနိုင်ပါတယ်။ ငါးကြီးဆီကို နေ့စဉ်မှီဝဲရင်ခန္ဓာကိုယ်တွင်းရှိ ဒုက္ခပေးနိုင်တဲ့ ကိုလက်စထရောအဆင့်တွေ လျော့ကျနိုင်ပါတယ်။ ငါးကြီးဆီကို နေ့စဉ်မှီဝဲရင်ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

  ငါးကြီးဆီကို နေ့စဉ်မှီဝဲရင်ခန္ဓာကိုယ်တွင်းရှိ ဒုက္ခပေးနိုင်တဲ့ ကိုလက်စထရောအဆင့်တွေ လျော့ကျနိုင်ပါတယ်။ သွေးကြောအတွင်းကသွေးခဲဖတ်တွေပျော်ဝင်သွားတာနဲ ့သွေးဖိအားကျဆင်းသွားလို ့နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ နည်းပါးသွားနိုင်ပါတယ်။

 စိတ်ဖိစီးမှုကို ခံနိုင်ရည်ပိုရှိလာစေတယ်။ မပြည့်ဝဆီ (Polyunsaturated Acid) ခေါ်တဲ့ မပြည့်ဝဆီက ဆီရိုတိုနင်ထုတ်လုပ်မှုကိုမြင့်တက်စေပါတယ်။ ဆီရိုတိုနင်က စိတ်ခံစားမှုကောင်းမွန်အောင်ကူညီတဲ့ ဟော်မုန်းပဲဖြစ်ပါတယ်။ ဒါကြောင့်စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစေပါတယ်။ ငါးကြီးဆီကိုအာရုံစူးစိုက်မှုချို့တဲ့တဲ့ကလေးငယ်တွေနဲ့ အလွန်မငြိမ်တဲ့ကလေးတွေကို ကုသရာမှာလည်း သုံးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကစဥ့်ကလျားဝေဒနာရှင်တွေနဲ့ အခြားစိတ်ရောဂါရှိသူတွေမှာလည်း ငါးကြီးဆီက ကူညီနိုင်တယ်လို ့လေ့လာမှုအရ ဆိုပါတယ်။

 တွေးခေါ်မှု မြန်ဆန်လာစေပါတယ်။ အိုမီဂါသရီး (Omega-3) မှာ ဒီအိပ်အေ (DHA) ခေါ် (Docosahexaenoic Acid) ပါဝင်တဲ့အတွက်အာရုံကြောဆဲလ်နဲ့အမြှေးပါးတွေကျန်းမာပြီး အာရုံကြောတစ်ခုနဲ့တစ်ခု ဆက်နွှယ်မှု သန်မာစေနိုင်ပါတယ်။ ဒါကြောင့်အယ်ဇိုင်းမား (Alzheimers) ရောဂါမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ လေ့လာမှုအရ ငါးကြီးဆီက ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို လုပ်ဆောင်မှုပေးနိုင်တဲ့အတွက်တုံ့ပြန်ချိန်မြန်ဆန်လာပြီး ဆုံးဖြတ်ချက်ကိုမြန်မြန်ဆန်ဆန်ပြုလုပ်ပေးနိုင်တယ်ဆိုပါတယ်။

 မျက်စိအတွင်း ဖိအားကို လျော့ကျသွားစေပါတယ်။ ရေတိမ်ရောဂါရှိသူတွေကို ဆရာဝန်တွေက ငါးကြီးဆီကိုမှီဝဲဖို ့ညွှန်းတတ်ပါတယ်။ သူ့မှာပါဝင်တဲ့ ဖက်တီးအက်စစ် (Fatty acid) က မျက်စိထဲက အရည်တွေကို ဖယ်ရှားပေးနိုင်တဲ့ မျက်စိအတွင်း ဖိအားလျော့ကျသွားစေနိုင်တာကြောင့်ပဲဖြစ်ပါတယ်။သုတေသီအများစုကတော့ အိုမီဂါသရီး (Omega-3) က မျက်စိပြဿနာမဖြစ်အောင်ကာကွယ်နိုင်တယ်ယူဆပါတယ်။

 ခုခံအားစနစ် (Immunity) ကောင်းမွန်စေပါတယ်။ တိုင်းပြည်အများစုမှာ ထောပတ်နဲ့ မာဂျရင်းတွေကို ပုံမှန်အစားအစာအနေနဲ့ ထည့်သွင်းအသုံးပြုကြပါတယ်။ဒါက ငါးအဆီမှာပါဝင်တဲ့ အိုမီဂါသရီးလိုမျိုးကိုရရှိတာဖြစ်ပြီး သူက ပရိုစတာဂလင်နင် (Prostaglanin) ခုခံအားစနစ်ကို သန်မာစေတဲ့အတွက်ခန္ဓာကိုယ်ကရောဂါပိုးကိုတွန်းလှန်ဖို့ ကူညီနိုင်ပါတယ်။

အခြား ဗီတာမင်နဲ့ သတ္တုဓာတ်များကိုပါ ရရှိနိုင်ပါတယ်။ ငါးကြီးဆီမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာပါဝင်တယ်။ ကိုယ်ရွေးချယ်တဲ့ငါးကြီးဆီပေါ်မူတည်ပြီး ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်မှု ကွာခြားသွားပါတယ်။ ငါးကြီးဆီမှာ ဗီတာမင်အေနဲ့ ဒီများစွာပါဝင်တဲ့အတွက်ဆံပင်ကြွပ်ဆတ်မှု မဖြစ်အောင်ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်တွင်းက ကယ်လ်စီယမ်နဲ ့ဖော့စဖရပ်ကိုစုပ်ယူမှု အားကောင်းစေပါတယ်။ ငါးကြီးဆီကိုကလေးအရိုးပျော့ရောဂါ (Rick ets) မဖြစ်အောင်ကာကွယ်ဖို့ ဗီတာမင်ဒီမချို့တဲ့စေဖို့အတွက်တိုက်ကျွေးလေ့ရှိပါတယ်။        ငါးကြီးဆီက ကြံ့ခိုင်မှုကောင်းမွန်စေပါတယ်။ ငါးကြီးဆီကို ပုံမှန်မှီဝဲပြီးနောက်မှာ ခန္ဓာကိုယ်ကပြင်းထန်တဲ့လေ့ကျင့်ခန်းတွေအတွက်စုဆောင်းထားတဲ့အဆီတွေကို စတင်အသုံးပြုတယ်လို့ သိပ္ပံပညာရှင်က အတည်ပြုကြပါတယ်။

အရေပြား တောက်ပြောင်ဝင်းလက်လာစေပါတယ်။ ငါးကြီးဆီဟာ အရေပြားအတွက်အလွန်အဖိုးတန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုမီဂါသရီး (Omega-3)အက်စစ်က အရေးကြောင်းမဖြစ်အောင်ကာကွယ်ဖို့အတွက်လိုအပ်တဲ့ကော်လာဂျင်တွေကို စုဆောင်းပေးနိုင်တာကြောင့်ဖြစ်ပါယ်။ အသက်အရွယ်ကြီးရင့်တာ၊ စိတ်ဖိစီးမှုဒဏ်ခံရတာကြောင့် အရေပြားခြောက်သွေ့နိုင်ကာ အရေးအကြောင်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ ဒါ့ပြင်သူ့မှာပါဝင်တဲ့မပြည့်ဝဆီတွေကဝက်ခြံမဖြစ်အောင်ကူညီပေးနိုင်ပါတယ်။

အဆစ်ရွေ့လျားမှုကို ကောင်းမွန်စေပါတယ်။ ပင်လယ်အနီးအနားမှာနေပြီး ငါးကိုပုံမှန်စားသုံးသူတွေက အဆစ်နာကျင်တဲ့ဝေဒနာဖြစ်ပေါ်မှုနည်းတယ်လို့ သိရပါတယ်။ အဆစ်က အဆီကိုလိုအပ်ပါတယ်။ အဆီမရှိတဲ့အခါ အဆစ်တစ်သျှူးတွေ ကျုံ့နိုင်ဆန့်နိုင်အားလျော့နည်းသွားပြီး မကြာခဏ ထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။ ငါးကြီးဆီက အဆစ်ရောင်ဝေဒနာကိုကုသရာမှာတင်ထိရောက်မှုရှိတာမဟုတ်ပါဘူး။ အဆစ်ရောင်ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။        လေ့ကျင့်ခန်းလုပ်အပြီး စွမ်းအင်အမြန်ပြန်လည်ရရှိနိုင်ပါတယ်။ အိုမီဂါသရီး (Omega-3) ပါတဲ့ငါးကြီးဆီပုံမှန်မှီဝဲသူတွေကလေ့ကျင့်ခန်းလုပ်အပြီးမှာကြွက်သားနာကျင်မှုနဲ ့ရောင်ရမ်းမှုဖြစ်စဉ်တွေ လျော့နည်းသွားတယ်လို့လေ့လာမှုတွေအရ သိရပါတယ်။ ကြွက်သားတွေအပေါ် စမ်းသပ်မှုအရ မပြည့်ဝဆီတွေက အာရုံကြောကိုထိခိုက်ဒဏ်ရာမရရှိအောင်နဲ့ အာရုံကြောပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးတယ်ဆိုပါတယ်။

အစာလျှော့စားဖို့ လွယ်ကူနိုင်ပါတယ်။ သုတေသနပြုလုပ်စဉ်အတွင်းမှာ ငါးကြီးဆီမှီဝဲသူတွေက အစားစားချင်စိတ်လျော့ကျသွားပြီး အစာစားပြီးနောက်ပိုင်းမှာ အချိန်ကြာမြင့်စွာ ဝမ်းဗိုက်ပြည့်တင်းမှုရရှိစေတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ သိပ္ပံပညာရှင်က အိုမီဂါသရီး (Omega-3) အက်စစ်ဟာခန္ဓာကိုယ်တွင်းက အဆီတွေကိုဖြိုခွဲနိုင်စွမ်း ပိုမိုမြင့်မားတာတွေ့ရှိခဲ့ပါတယ်။ အဆီတွေသိုလှောင်သွားမယ့်အစား ခန္ဓာကိုယ်နေ့စဉ်လှုပ်ရှားမှုအတွက်စွမ်းအင်အဖြစ်အသုံးပြုသွားနိုင်ပါတယ်။ ငါးကြီးဆီမှာ ကယ်လိုရီပါဝင်မှုများပြားတာ သတိထားရပါမယ်။

 ရင်သားအလှကို ပေါ်လွင်စေပါတယ်။ လေ့လာမှုအရ မပြည့်ဝဆီ (Unsaturated Fat) တွေက ရင်သားကြီးထွားစေတယ်လို့သိရပါတယ်။ ရင်သားကြီးထွားလှပချင်ရင်ငါးကြီးဆီ၊ သံလွင်ဆီ၊ ပဲခြောက်၊ တို့ဟူး၊ ရေညှိရေမှော်တွေ စားသုံးသင့်ပါတယ် သို့မဟုတ် ငါးကြီးဆီမှီဝဲသင့်ပါတယ်။       ငါးကြီးဆီကိုပင်လယ်ငါးတွေဖြစ်တဲ့ဆဲလ်မွန်ငါး၊ ဆာဒင်း၊ တူနာ၊ ငါးသေတ္တာငါးတွေကရပါတယ်။ ပင်လယ်ငါးကရတဲ့ငါးကြီးဆီကအလွယ်ကူဆုံး၊‌ ဈေးအချိုဆုံးဖြစ်ပါတယ်။ အကောင်းဆုံးတော့ မဟုတ်သေးပါဘူး။ အဆိပ်အတောက်တွေလည်း ပါဝင်နိုင်ပါသေးတယ်။ ငါးအသားနဲ့ ငါးရဲ့ကြွက်သားကနေပြုလုပ်တဲ့ငါးကြီးဆီက အလွန်အသုံးဝင်ပါတယ်။ ငါးကြီးဆီပြုလုပ်ဖို့အတွက်ဆဲလ်မွန်ငါးက အကောင်းဆုံးဖြစ်တယ်။

 ခန္ဓာကိုယ်ကိုဒုက္ခမပေးဘဲ ငါးကြီးဆီရဲ့အကျိုးကျေးဇူးကိုရရှိနိုင်ဖို့အတွက်ငါးကြီးဆီကိုဘယ်လိုမှန်မှန်ကန်ကန်မှီဝဲရမလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ်။သူ့ကြောင့်ရနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေ၊ သူနဲ့ဓာတ်ပြုနိုင်တဲ့ဆေးဝါးတွေကိုလည်း သိရှိဖို့လိုအပ်လို့ ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။

 ကိုယ်က ငါးနဲ့ဓာတ်မတည့်သူဖြစ်နေရင်၊ ကိုယ့်မှာသိုင်းရွိုက် (Thyroid) ရောဂါ၊ အသည်းရောဂါ (Acute Hepatitis)၊ ဆီးလမ်းကြောင်းရောဂါ (UTI) သို့မဟုတ် အစာအိမ်ပြဿနာရှိနေရင်ငါးကြီးဆီ မမှီဝဲသင့်ပါဘူး။ဒါပြင်ကိုယ်ဝန်ဆောင်စဉ်ကာလ သို့မဟုတ် မိခင်နို့တိုက်ကာလမှာလည်း မမှီဝဲသင့်ပါဘူး။ ခုခံအားစနစ်ကောင်းမွန်ဖို့နဲ ့ရောဂါမဖြစ်အောင်ကာကွယ်ဖို့အတွက်အနည်းဆုံးနေ့စဉ်သုံးလလောက်မှီဝဲသင့်ပါတယ်။ တစ်သက်တာလုံးလည်းမှီဝဲနိုင်ပါတယ်။ အစာစားပြီးချိန်မှာ မှီဝဲတာက ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ပါတယ်။ 

Most Read

Most Recent