စစ်ပွဲကြောင့် ဆူဒန်ပြည်သူများ အလုံးအရင်းထွက်ပြေးတိမ်းရှောင်မှု ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ သတိပေး

စစ်ပွဲကြောင့် ဆူဒန်ပြည်သူများ အလုံးအရင်းထွက်ပြေးတိမ်းရှောင်မှု ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ သတိပေး
မြည်းများစီး၍ ချဒ်သို့ ထွက်ပြေးသော ဆူဒန်ဒုက္ခသည်အချို့ကို မေလ ၁ ရက်က တွေ့ရစဉ် (Photo: AFP)
မြည်းများစီး၍ ချဒ်သို့ ထွက်ပြေးသော ဆူဒန်ဒုက္ခသည်အချို့ကို မေလ ၁ ရက်က တွေ့ရစဉ် (Photo: AFP)
Published 2 May 2023
Ref: AFP

စစ်မက်ဖြစ်ပွားနေသော ဗိုလ်ချုပ်ကြီးများ သဘောတူခဲ့ကြသည့် နောက်ဆုံး အပစ်ရပ်စဲရေး သက်တမ်းတိုးမှုကို ချိုးဖောက်မှုအဖြစ် ပေါက်ကွဲမှုများက မြို့တော်ခါတွန်ကို ထပ်မံတုန်လှုပ်စေခဲ့ရာ နေရာဖြစ်သော ဆူဒန်က စစ်ပွဲနှင့်ဆိုးရွားသောအခြေအနေများကို လူ ၈၀၀,၀၀၀ ကျော်စွန့်ခွွာထွက်ပြေးနိုင်သည်ဟု မေလ ၁ ရက်တွင် ကုလသမဂ္ဂက သတိပေးထားသည်။

ယခုအခါ တတိယသီတင်းပတ်ထဲဝင် ရောက်လာပြီဖြစ်သော ဝရုန်းသုန်းကားအခြေအနေများနှင့် သေကျေ ဒဏ်ရာရမှုတို့က ဆူဒန်ပြည်သူထောင်ပေါင်းများစွာကို အီဂျစ်၊ ချဒ်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ အလုံးအရင်း ထွက်ပြေးသည့်အနေအထားဖြစ်စေသည်။

သို့ရာတွင် ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီဖြစ်သော UNHCR က လူ ၈၀၀,၀၀၀ ကျော်သည် ဆူဒန်စစ်ပွဲကို ရှောင်ရန် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးသွားနိုင်သည်ဆို သောဖြစ်နိုင်ခြေတစ်ရပ်ရှိနေသည်ဟု ထုတ် ပြန်ထားသည်။

“ဒါဟာ ဖြစ်မလာပါစေနဲ့လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု မရပ်ဘူးဆိုရင်တော့ နောက်ထပ်လူတွေ ထွက်ပြေးတာကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်”ဟု UNHCR အကြီးအကဲ ဖီလစ်ပို ဂရန်ဒီက Twitter တွင် ပြောကြားခဲ့ပြီး စစ်ပွဲကြောင့် ဆိုးရွားသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတစ်ရပ်ပေါ်ပေါက်မည်ဟု ကုလသမဂ္ဂကသတိပေးထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ခြေလျင်အကူလက်ရုံးတပ် (RSF)ကို အမြဲတမ်းစစ်တပ်နှင့်ပေါင်းစည်းရန် စီစဉ်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖတာ့အယ်လ်ဘာဟန်နှင့် RSF ကိုကွပ်ကဲနေသူလည်းဖြစ်ဆူဒန် စစ်တပ်ဒုတိယအကြီးအကဲလည်းဖြစ်သူ မိုဟာမက် ဟမ်ဒမ်ဒါဂလိုတို့ သီတင်းပတ်ပေါင်းများစွာ အာဏာအားပြိုင်မှုများဖြစ်ခဲ့ပြီးနောက် ဆူဒန်စစ်တပ်နှင့် RSF တို့ ဧပြီ ၁၅ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး လူ ၅၀၀ ကျော်သေဆုံးထားသည်။

အပစ်ရပ်စဲမှုများသည် ကယ်ဆယ်ရေးလမ်းကြောင်းများ ဖြစ်လာစေရန်နှင့် စေ့စပ်ညှိနှိုင်းရေးသမားများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်စေရေးအတွက် အဓိကအားဖြင့် ကြေညာထားခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူ များက ပြောကြားသည်။

ဘာဟန်နှင့် ဒါဂလိုတို့သည် မလိုက်နာသလောက်ဖြစ်သော အပစ်ရပ်စဲမှုကို အကြိမ် ကြိမ်သက်တမ်းတိုးထားကြပြီး နောက်ဆုံးတရားဝင်အပစ်ရပ်စဲမှုကို ၇၂ နာရီကြာသက် တမ်းတိုးရန် ဧပြီ ၃၀ တွင် သဘောတူခဲ့ကြသည်ဆိုသော်လည်း အပစ်ရပ်စဲမှုကို မကြာခဏ ချိုးဖောက်မှုများအတွက် အပြန်အလှန် အပြစ်တင်လျက်ရှိကြသည်။

ပြည်ပနိုင်ငံများသည် ၎င်းတို့၏ နိုင်ငံသားများကို လေကြောင်း၊ ကုန်းလမ်း၊ ရေကြောင်းတို့ဖြင့် ကူညီ ရွှေ့ပြောင်းနေကြစဉ်  အနည်းဆုံး ဆူဒန်ပြည်သူ ၇၅,၀၀၀ မှာပြည်တွင်း အိမ်ရာစွန့်ခွာပြေးရသူများဖြစ်နေပြီး ပြည်သူ ၅၀,၀၀၀ ကျော်မှာ အိမ်နီးချင်းနိုင်ငံများသို့ ကုန်းလမ်းခရီးဖြင့် တိမ်းရှောင်သွားကြသည်ဟု ကုလသမဂ္ဂနှင့်အခြားသော အေဂျင်စီများက ပြောကြားသည်။

မိသားစုအချို့မှာ  ပိုင်ဆိုင်ပစ္စည်းအနည်းငယ်ကို မြည်းများ၏ ဘေးတွင်ချိတ်၍ မြည်းများစီးကာ သဲထူသော နယ်စပ်ကိုဖြတ်၍ ဆူဒန်၏ ဒါဖာဒေသမှ ချဒ်နိုင်ငံအတွင်းဝင်ရောက်ခဲ့ကြသည်။ ဒါဖာဒေသသည်ခါတွန် ပြင်ပတွင် အဆိုးရွားဆုံးတိုက်ပွဲအချို့ဖြစ်ပွားရာ ဒေသတစ်ခုဖြစ်သည်။

ချဒ်နယ်စပ်ရွာက ယာယီစခန်းတစ်ခုတွင် ကုလသမဂ္ဂလုပ်သားများက ဒုက္ခသည်များကို အရေးပေါ်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အပ်ချုပ်သမားတစ်ဦးဖြစ်သော မာဟာမက်ဟာဆန်ဟာမက်က သူ၏ကလေးများအတွက် စားစရာမရှိသည်မှာ ၁၁ ရက်ရှိပြီဟု အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး အားလုံးပျက်စီးကုန်သည်မှာ ခြေလျင်အကူလက်ရုံးတပ် (RSF)ကြောင့်ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။                                              

Most Read

Most Recent