COVID-19 ဖြစ်ပွားစအချိန်တွင် သတင်းများဖော်ပြသဖြင့် သုံးနှစ်ကြာထိန်းသိမ်းခံရသော တရုတ်အမျိုးသားကို တရုတ်အာဏာပိုင်များက ပြန်လွှတ်ပေးမည်

COVID-19 ဖြစ်ပွားစအချိန်တွင် သတင်းများဖော်ပြသဖြင့် သုံးနှစ်ကြာထိန်းသိမ်းခံရသော တရုတ်အမျိုးသားကို တရုတ်အာဏာပိုင်များက ပြန်လွှတ်ပေးမည်
ကိုဗစ်ကာလအတွင်း နန်ကျင်း၌ ဆေးဝယ်ရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo: AFP)
ကိုဗစ်ကာလအတွင်း နန်ကျင်း၌ ဆေးဝယ်ရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo: AFP)
Published 1 May 2023
Ref: AP

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေချိန်အတွင်း လူပြည့်ကျပ်နေသော ဆေးရုံများနှင့် အလောင်းများကို ရိုက်ကူးထားသော ဗီဒီယိုများ ထုတ်ပြန်ခဲ့ပြီးနောက် လွန်ခဲ့သော သုံးနှစ်တွင် ပျောက်သွားသော အမျိုးသားကို တရုတ်အာဏာပိုင်များက ပြန်လွှတ်ပေးရန် ဧပြီ ၃၀ ရက်တွင် ပြင်ဆင်နေသည်ဟု ၎င်း၏အမှုနှင့်နီးစပ်သော ဆွေမျိုးတစ်ဦးနှင့် အခြားလူတစ်ဦးတို့က ပြောကြားသည်။

သတင်းများရေးပြီး ဓာတ်ပုံများရိုက်ကာ အင်တာနက်ပေါ်တင်သောအရပ်သားသ တင်းသမာများ(citizen journalists)ဟု နာမည်တပ်ခံရသော ဖန်းပင်းနှင့် အခြားလူများသည် ၂၀၂၀ ခုနှစ် စောစောပိုင်းတွင် ကူး စက်ရောဂါ၏ အသေးစိတ်များကို အင်တာနက်နှင့်လူမှုမီဒီယာတို့တွင်တင်ခဲ့ကြရာ ကူးစက်ရောဂါ ထိန်းချုပ်ရန်ပျက်ကွက်သည့် အတွက် ဝေဖန်မှုကိုရင်ဆိုင်ခဲ့ရသော တရုတ်တာဝန်ရှိသူများကို ကသိကအောက် ဖြစ်စေခဲ့သည်။

တရုတ်ရိုးရာအဝတ်အစားရောင်းသူ ဖန်းပင်း Twitter တွင်နောက်ဆုံးတင်ခဲ့သော ဗီဒီယိုမှာ “နိုင်ငံသားအားလုံးက ခံနိုင်စွမ်းရှိတယ်။ ပြည်သူ့ထံ အာဏာပြန်ပေးပါ”ဟူ သောသတင်းတစ်ပုဒ်အကြောင်းဖြစ်သည်။

ဖန်းပင်း၏ ပြစ်မှုမှာအာဏာရ ကွန်မြူနစ်ပါတီက နိုင်ငံ၏သတင်းကို ထိန်းချုပ်ရန် ကြိုးစားနေစဉ် အစိုးရ၏စောစောပိုင်း ကပ်ရောဂါထိန်းချုပ်မှုကို ဝေဖန်ခြင်းများအား နှိမ်နင်းခြင်းနှင့်သက်ဆိုင်နေသည်။

၎င်းကို ဧပြီ ၃၀ ရက်တွင် ပြန်လွှတ်ပေးရန်စီစဉ်ထားသည်ဟု အစိုးရ၏အပြစ်ပေးမှု ကိုခံရမည်စိုးသဖြင့် အမည်ပြောကြားခြင်းမပြုသောလူနှစ်ဦးက ပြောကြားသည်။

ဖန်းပင်းသည် သဘောထားကွဲစရာများကို ဖန်တီးခြင်း၊ ပြဿနာများကို ဖန်တီးခြင်းတို့အတွက် ထောင်သုံးနှစ် ချမှတ်ခံရခြင်းဖြစ် သည်ဟုဆိုသည်။ မရေမရာစွဲချက်မှာ နိုင်ငံရေးဆိုင်ရာ သဘောထားမတိုက်ဆိုင်သူများကို အရေးယူရာတွင် အစဉ်အလာအသုံးပြုနေသော စွဲချက်ဖြစ်သည်ဟု ဆိုသည်။

အေပီသတင်းဌာနသည် ဖန်းပင်းကို ပြန်လွှတ်ပေးလိုက်ပြီဆိုခြင်းအား သီးခြားအတည်မပြုနိုင်ပေ။ အသေးစိတ်များကိုလည်း အာဏာပိုင်များဖြင့် အတည်မပြုနိုင်ပေ။

ဝူဟန်ပြည်သူ့လုံခြုံရေးဗျူရိုသည် ၎င်းတို့ သတင်းပြန်ကြားရေးရုံး၏ ဖုန်းနံပါတ်ကို ထုတ်ပြန်ထားခြင်းမပြုသလို မေးခွန်းများကိုလည်း ဖြေကြာခြင်းမရှိပေ။ ဖန်းပင်းကို ပြစ်ဒဏ်ချမှတ်ခဲ့သည်ဆိုသော တရားရုံးထံ ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းတွင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ရာ ဖုန်းဖြေကြာခြင်းမရှိပေ။ ဖန်းပင်း၏ အယူခံကို ကိုင်တွယ်ဆောင်ရွက်ပေးသည်ဟု ဆိုသော အခြားတရားရုံးမှ အမျိုးသမီးက ၎င်းသည် မေးခွန်းများကို ဖြေကြားခွင့်မရှိဟု ပြောကြားသည်။

၂၀၂၀ ခုနှစ် အစောပိုင်းတွင် ကနဦး COVID-19က လူဦးရေ ၁၁ သန်းနေထိုင်သော ဝူဟန်မြို့ကို အကြီးအကျယ် ထိခိုက်စေသည်။ ၇၆ ရက်ကြာ လော့ဒေါင်းကာလတွင် ဝူဟန်လမ်းများ၌ လူနာတင်ယာဉ်များနှင့် လုံခြုံရေးသမားများမှလွဲ၍ လချီလူသူကင်း မဲ့နေခဲ့သည်။

ထိုအချိန်တွင် အရပ်သားသတင်းသမား  အနည်းငယ်သည် သတင်းအချက်အလက်နှင့်ပတ်သက်၍ ကွန်မြူနစ်ပါတီ၏ တင်းကျပ်စွာထိန်းသိမ်းကြပ်မတ်ထားသော ချုပ်ကိုင်မှုကို အာခံကာ ဆမတ်ဖုန်းများဖြင့်လည်း ကောင်း၊ လူမှုမီဒီယာအကောင့်များဖြင့်လည်းကောင်း သတင်းများကို ဖော်ပြရန်ကြိုးစားခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အရေးယူ ခံရခြင်းဖြစ်သည်။                                                            

Most Read

Most Recent