အာရပ်ကမ္ဘာနှင့်ပြန်လည်ချိတ်ဆက်လာသည့် ဆီးရီးယားနိုင်ငံ

အာရပ်ကမ္ဘာနှင့်ပြန်လည်ချိတ်ဆက်လာသည့် ဆီးရီးယားနိုင်ငံ
Published 27 April 2023
ရာဇ

ဆီးရီးယားနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် နှစ်ခြမ်းကွဲနေသည့် ဆန့်ကျင်ဘက် အရပ်ဒေသများတွင်နေထိုင်နေကြသည့် ဆီးရီးယားပြည်သူများသည် ဘာရှာအာဆတ် အစိုးရအဖွဲ့နှင့် အိမ်နီးချင်းနိုင်ငံများအကြား အရှိန်မြင့်တက်နေသည့် ဆက်ဆံရေးများပုံမှန်ပြန်လည်ထူထောင်မှုအပေါ် မတူကွဲပြား သည့်အမြင်များဖြင့် စောင့်ကြည့်နေကြသည်။

အစိုးရကထိန်းချုပ်ထားသည့်နယ်မြေများတွင် နေထိုင်လျက်ရှိသည့် ဒေသခံများ သည် ငွေကြေးဖောင်းပွမှု၊ လောင်စာနှင့် လျှပ် စစ်ဓာတ်အား ပြတ်လပ်မှုတို့နှင့် ရင်ဆိုင်နေရ ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပြန် လည်ထူထောင်မှုသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများ ပိုမိုမြင့်တက်စေနိုင်ပြီး စီးပွားရေးအကျပ်အတည်းကို လျော့ပါးသက် သာစေလိမ့်မည်ဟု မျှော်လင့်နေကြသည်။

ထိုအချိန်အတောအတွင်း အတိုက်အခံ များက ထိန်းချုပ်ထားသည့် နိုင်ငံမြောက်ပိုင်းရှိ နယ်မြေများတွင် နေထိုင်နေရသည့် ဆီးရီးယားနိုင်ငံသားများကမူ ၎င်းတို့သည် သီးခြား ဖယ်ကြဉ်ခံထားရမည့်အခြေအနေကို ပိုမိုခံ စားလာရသည်။

တစ်ချိန်က အာဆတ်ကို ဆန့်ကျင်သည့် လက်နက်ကိုင်များကို အဓိကထောက်ပံ့ပေးခဲ့ သည့် တူရကီသည် အာဆတ်အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများကို လနှင့်ချီ ပြုလုပ်ခဲ့ပြီး  အနီး စပ်ဆုံးဆွေးနွေးမှုကို ပြရမည်ဆိုပါက ယခုသီ တင်းပတ်အတွင်း ရုရှားနိုင်ငံ မော်စကိုမြို့ တော်တွင် တူရကီ၊ ရုရှား၊ အီရန်နှင့် ဆီးရီးယား ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ သည့်ဖြစ်စဉ်ကို တွေ့ရမည်ဖြစ်သည်။

မကြာသေးမီသီတင်းပတ်များအတွင်းကလည်း ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်ပြီး တစ်ချိန်က ဆီးရီးယားသူပုန်များကို ထောက် ခံခဲ့သည့် ဆော်ဒီအာရေဗျသည် အိမ်နီးချင်း နိုင်ငံများကဲ့သို့ အာဆတ်အစိုးရအဖွဲ့အပေါ် ထားရှိသည့်သဘောထားကို ပြောင်းလဲခဲ့ဖွယ် ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ်က ဆော်ဒီနိုင်ငံ ခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင်ဖာ ဟန်သည် ဒမတ်စကတ်မြို့တော်သို့ သွား ရောက်ခဲ့ပြီး ယင်းသည် ဆီးရီးယားနှင့် ဆက် ဆံရေးဖြတ်တောက်ခဲ့သည့် ဆယ်စုနှစ်တစ်စု ကျော်အတွင်း ပထမဆုံးခရီးစဉ် ဖြစ်ခဲ့သည်။

လာမည့်လတွင် အာရပ်လိဂ်အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆော်ဒီအာရေဗျသည် ဆီးရီးယား၏ အဖွဲ့ဝင် ဖြစ်မှုကို ပြန်လည်ထိန်းသိမ်းရန် အခြားအဖွဲ့ ဝင်နိုင်ငံများကို နားချခဲ့သည်။

ဒမတ်စကတ်မြို့တော်တွင်နေထိုင် သည့် အသက် ၄၉ နှစ်အရွယ် အပ်ချုပ်သမား တစ်ဦးဖြစ်သူ အဘူရှာဒီက ဆီးရီးယားနှင့် ဆော်ဒီအာရေဗျအကြား ဆက်ဆံရေးထူ ထောင်ခြင်းသည် စစ်ပွဲကြောင့် ယိုယွင်းခဲ့ သည့် စီးပွားရေးကို ပြန်လည်မြင့်တက်စေ လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။ 

“စစ်ပွဲတွေဖြစ်နေတာ တော်သင့်ပါပြီ။ ကျွန်တော်တို့ ၁၂ နှစ်လောက် ဆင်းရဲဒုက္ခ ရောက်ခဲ့ရတယ်။ ဘုရားသခင်ရဲ့ အလိုတော် အရ ဆော်ဒီအာရေဗျနဲ့သာမကဘဲ ပင်လယ် ကွေ့နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးတွေ မြင့်တက် မယ်ဆိုရင် အားလုံးအတွက် အကျိုးရှိစေပါ လိမ့်မယ်။ ပြီးတော့ သွားရေးလာရေး၊ လုံခြုံ ရေးနဲ့ အရာရာဟာ ကောင်းမွန်လာပါလိမ့်မယ်”ဟု အဘူရှာဒီက ပြောကြားခဲ့သည်။

နိုင်ငံအနောက်မြောက်ပိုင်းရှိ အတိုက် အခံများ ထိန်းချုပ်ထားသည့်ဒေသတွင် နေထိုင်သူများကမူ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပြန်လည်ထူထောင်မှုအပေါ် စိုးရိမ်နေကြသည်။

အတိုက်အခံတက်ကြွ လှုပ်ရှားသူများက အာဆတ်နှင့် ဆက်ဆံရေးထူထောင်မှုသည် သစ္စာဖောက်ခြင်းဖြစ်သည်ဟု လူမှုမီဒီယာ များတွင် လှုံ့ဆော်ရေးသားခဲ့ကြပြီး အာဆတ် နှင့် ဆက်ဆံရေးပြန်လည်ထူထောင်ရန် အာရပ်နိုင်ငံများ၏လှုပ်ရှားမှုကို ဆန့်ကျင်သည့် အနေဖြင့် ပြီးခဲ့သည့်သီတင်းနှစ်ပတ်အတွင်း လူပေါင်းရာချီပါဝင်သည့်ဆန္ဒပြမှုများ ဖြစ် ပွားခဲ့သည်။

ဆီးရီးယားအနောက်မြောက်ပိုင်းရှိ NGO တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၇ နှစ်အရွယ် ခါလက် ခါတစ်အမည် ရှိ အမျိုးသားတစ်ဦးကမူ အတိုက်အခံများ ထိန်းချုပ်ထားသည့် နယ်မြေများကို အစိုးရက ပြန်လည်သိမ်းယူမည့်အခြေအနေအပေါ် သူ့အနေဖြင့် စိုးရိမ်နေရကြောင်း ပြောကြားခဲ့ သည်။ 

“ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ စတင်တဲ့ ပထမဆုံးရက်ကတည်းက ဒီနေ့အထိ ကျွန် တော်ပါဝင်ခဲ့ပါတယ်။ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှု ဒါမှမဟုတ် ပြန်ပေးဆွဲမှု ဒါမှမ ဟုတ် သေကြေဒဏ်ရာရမည့် အန္တရာယ်တွေ လည်း ရှိနေပါတယ်”ဟု ၎င်းက ဆိုသည်။ ထို့ ပြင် ဒေသတွင်းနိုင်ငံများအနေနှင့် အာဆတ် အစိုးရအဖွဲ့နှင့် ဆက်ဆံရေးပြန်လည်နွေး ထွေးလာမှုကိုမြင်တွေ့ရခြင်းသည် အလွန် နာကျင်စရာကောင်းပြီး အလွန်ရှက်စရာ ကောင်းကာ ဆီးရီးယားပြည်သူများကို စိတ် ပျက်စေသည်ဟု ၎င်းင်းက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက အစ်ဒလစ်ပြည် နယ်တွင်ပြုလုပ်သည့် ဆန္ဒပြမှုတစ်ခုတွင် ပါဝင်ခဲ့သည့် ရာရှစ် ဟမ်ဇာဝီ မာမွတ်ဆိုသူက ဆော်ဒီ၏ လှုပ်ရှားမှုသည် ဆီးရီးယားအ တိုက်အခံများကို စိတ်ပျက်စေသည့်ဖြစ်စဉ် များထဲမှ နောက်ဆုံး ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

“ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ကျွန်တော်တို့အပေါ်မှာ ပျက်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် အာရပ်နိုင်ငံတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အစ္စလာမ်မစ်အဖွဲ့တွေဟာလည်း ကျွန်တော်တို့အပေါ် ပျက်ကွက်ခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ် ပွားစေခဲ့သည့် ၂၀၁၁ ခုနှစ် ဆူပူအုံကြွမှုအတွင်း ဆန္ဒပြသူများအပေါ် အာဆတ်၏ အင် အားသုံးဖြိုခွင်းမှုကြောင့် ဆီးရီးယားသည် အာရပ်အစိုးရများ၏ဖယ်ကြဉ်ခြင်းကို ခံခဲ့ရ သည်။

မည်သို့ပင်ဆိုစေ မကြာသေးမီနှစ်များအ တွင်း အာဆတ်သည် နိုင်ငံ၏နယ်မြေအများ စုကို ထိန်းချုပ်နိုင်ခဲ့သဖြင့် ဆီးရီးယား၏ အိမ် နီးချင်းနိုင်ငံများသည် ပြန်လည်ချဉ်းကပ်သည့်အစီအစဉ်များကို လုပ်ဆောင်လာခဲ့ကြသည်။

ဖေဖော်ဝါရီ ၆ ရက်က တူရကီနှင့် ဆီးရီး ယားတွင် အင်အားပြင်းထန်သည့် မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ဆီးရီးယားနှင့် ပြန် လည်ချဉ်းကပ်သည့် လုပ်ဆောင်မှုများသည် ပိုမိုအရှိန်ရလာခဲ့ပြီး ဆီးရီးယားစစ်ပွဲတွင် ဆန့်ကျင်ဘက်ရပ်တည်ခဲ့ကြသည့် ဆော်ဒီ အာရေဗျနှင့် အီရန်ကိုလည်း ဆက်ဆံရေးပြန် လည်ထူထောင်ရန် တရုတ်က ကြားဝင်စေ့စပ် ပေးခဲ့သည်။

ဆော်ဒီ-ဆီးရီးယား ပြန်လည်ချဉ်းကပ်မှု သည် အာဆတ်အတွက် အလှည့်အပြောင်း တစ်ခုဖြစ်သည်ဟု အီတလီနိုင်ငံ ဖလောရန့် စမြို့ရှိ ဥရောပတက္ကသိုလ်မှ ဆွစ်-ဆီးရီးယား နွယ်ဖွား သုတေသီတစ်ဦးဖြစ်ပြီး ပါမောက္ခ တစ်ဦးဖြစ်သည့် ဂျိုးဆက်ဒါဟာက ပြောကြား ခဲ့သည်။

အာဆတ်သည် လာမည့်လတွင်ပြုလုပ် မည့် အာရပ်လိဂ်အစည်းအဝေးသို့ တက် ရောက်ရန် ဖိတ်ကြားခြင်းခံရဖွယ်ရှိနေသော် လည်း ယင်းဖိတ်ကြားချက်ကို မေလအထိ ထုတ်ပြန်ဦးမည်မဟုတ်ဘဲ အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒါဟာက ပြောကြားခဲ့သည်။

ဆီးရီးယားရှိ အစိုးရအရာရှိများနှင့် အစိုးရလိုလားသူများကမူ ဆက်ဆံရေးများကို ပုံမှန်ပြန်လည်ထူထောင်မှုသည် အာရပ်လိဂ် အတွင်း ပြန်လည်ဝင်ရောက်ရေးထက် ပိုမို လက်တွေ့ကျသည့်လုပ်ဆောင်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အာရပ်နိုင်ငံများအဖွဲ့ချုပ် (အာရပ်လိဂ်) ဟာ ဒီကိစ္စမှာ သင်္ကေတတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ အဆုံးအဖြတ်ပေးတဲ့အခန်း ကဏ္ဍကတော့ ပါဝင်ခြင်းမရှိပါဘူး”ဟု ဆီးရီးယားအမျိုးသားပါတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် တာရက်အယ်အာမက်က အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဆီးရီးယားနှင့် ဆော်ဒီအာရေဗျအကြား ဆက်ဆံရေးများ ပုံမှန်ပြန်လည်ထူထောင်ပြီး နောက် ဆီးရီးယားနိုင်ငံသားများအတွက် ဆော်ဒီ၏ အလုပ်အကိုင်အခွင့်အလမ်းများ မျှော်လင့်နိုင်သည်ဟု ဒမတ်စကတ်မြို့တော်ရှိ သံတမန်ဟောင်းတစ်ဦးဖြစ်သူ ဂျော့ချ်ဂျက် ဘာက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်မတိုင်မီ ဆော်ဒီအာရေဗျသည် ဆီးရီးယား၏ အဓိကအကျဆုံး မိတ်ဖက်နိုင်ငံများထဲတွင်ပါဝင်နေပြီး ၂၀၁၀ ပြည့် နှစ်က နှစ်နို်င်ငံအကြား ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိခဲ့သည်။ နှစ်နိုင်ငံ သံရုံးများ ပိတ်မှုနှင့်အတူ စီးပွားရေးစီးဆင်း မှုသည် အလုံးစုံရပ်တန့်သွားခြင်းမရှိသော် လည်း သိသာစွာလျော့ကျခဲ့သည်။

မည်သို့ပင်ဆိုစေ ၂၀၁၈ ခုနှစ်က ဆော်ဒီ မှ ကုန်ပစ္စည်းများ တင်သွင်းမှုနှင့် ဆော်ဒီသို့ ကုန်ပစ္စည်းများ တင်ပို့မှုအတွက် လမ်း ကြောင်းတစ်ခုဖြစ်သည့် ဆီးရီးယားနှင့် ဂျော် ဒန်နယ်စပ်ကို  ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် သံတမန်ဆက်ဆံရေးများ မနွေးထွေးမီအချိန် မှာပင် ကုန်သွယ်ရေးသည် ပြန်လည်မြင့်တက် ခဲ့သည်။

ဆီးရီးယား၏ စီးပွားရေးကို ခြေရာခံ လေ့လာသည့် Syria Report အဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ ဆီးရီးယား-ဆော်ဒီ ကုန်သွယ်မှုတန်ဖိုးသည် ၂၀၁၇ ခုနှစ်က ဒေါ်လာ ၉၂ ဒသမ ၃၅ သန်းရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၃၉၆ ဒသမ ၉၀ သန်းအထိ မြင့်တက် ခဲ့သည်ဟု ဖော်ပြခဲ့သည်။

SSSyria Report ဝက်ဘ်ဆိုက်၏ အယ် ဒီတာချုပ်ဖြစ်သူ ဂျီဟက် ယာဇီဂျီက လက်ရှိ ဆော်ဒီ-ဆီးရီးယား ပြန်လည်ချဉ်းကပ်မှုအပြီး တွင် တိုက်ရိုက်လေကြောင်းလိုင်းများ ပြန် လည်ပြေးဆွဲမှု ကောင်စစ်ဝန် ဝန်ဆောင်မှု များ ပြန်လည်ဖွင့်လှစ်မှုတို့သည် ကုန်သွယ်မှု တန်ဖိုးကို ထပ်မံမြင့်တက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ဆီးရီးယား၏ စီးပွားရေး တွင် ဆော်ဒီ၏ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ ကို အားကိုးတကြီးမျှော်လင့်နေကြသည့် ဆီး ရီးယားပြည်သူများအတွက်မူ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ စိတ်ပျက်ရဖွယ်ရှိနေ သည်ဟု ၎င်းင်းက ဆိုသည်။ အဘယ်ကြောင့် ဆိုသော် ဆီးရီးယားအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂက ချမှတ်ထားသည့် ပိတ်ဆို့မှု များကြောင့် ယင်းရင်းနှီးမြှုပ်နှံမှုများသည် အ နည်းငယ်သာ ရှိလာလိမ့်မည်ဖြစ်သည်။

အတိုက်အခံများထိန်းချုပ်ထားသည့် နယ်မြေများတွင် နေထိုင်သူအချို့ကမူ ဆက် ဆံရေးပြန်လည်ထူထောင်မှုကို စိတ်မဝင်စား ဟန် ပြသခဲ့ကြသည်။ 

အစ်ဒလစ်ပြည်နယ်ရှိ နိုင်ငံရေးတက် ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အဗ္ဗဒူ ၀ါဟက် အလာအီဝီကမူ သူသည် ဆော်ဒီ၏ သဘော ထားပြောင်းလဲမှုအပေါ် အံ့သြမိသော်လည်းအာရပ်နိုင်ငံများသည် တူရကီ၊ ရုရှား၊ အီရန် နှင့် အမေရိကန်တို့ကဲ့သို့ ဆီးရီးယားပြည်တွင်း ရေးတွင် သြဇာလွှမ်းမိုးမှုမရှိသဖြင့် တစ်စုံတစ် ရာအပြောင်းအလဲဖြစ်လာလိမ့်မည်မဟုတ် ဟု ပြောကြားခဲ့သည်။

အာဆတ်အစိုးရအဖွဲ့သည်လည်း အာရပ်လိဂ်သို့ ပြန်လည်ဝင်ရောက်ရေးအတွက် သတ်မှတ်ချက်များနှင့် ပြည့်မီအောင် စွမ်း ဆောင်နိုင်မည်မဟုတ်ဘဲ တူရကီနှင့် ဆီးရီး ယားသည်လည်း သဘောတူညီချက်တစ်ခုကို လွယ်လွယ်နှင့် ရလိမ့်မည်ဟု မယုံကြည် ကြောင်း အလာအီဝီက ပြောကြားခဲ့သည်။

အတိုက်အခံပါတီဖြစ်သည့် ဆီးရီးယား အမျိုးသားဒီမိုကရက်တစ် လှုပ်ရှားရေးပါတီ ၏ အကြီးအကဲ မိုဟာမက် ရှာကစ် အယ်ခါ လက်ကလည်း အာရပ်နိုင်ငံများသည်  ဆီးရီး ယားဆူပူအုံ<ကမှုအတွင်း လစ်ဘရယ် ဒီမိုက ရက်တစ် ပြည်သူ့လှုပ်ရှားမှုများ၏ မဟာမိတ် များအဖြစ် မည်သည့်အခါကမျှ မဖြစ်ခဲ့ ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရကမူ စစ်ပွဲအခြေအနေ ကို ပြောင်းလဲပေးနိုင်ခဲ့သည့် ရုရှားနှင့် အီရန် ၏ ကြားဝင်မှုကို ရည်ညွှန်းပြီး မိမိနိုင်ငံအား ကာကွယ်ပေးခဲ့သည့် စစ်မှန်သောမဟာမိတ် များရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ 

သို့သော်လည်း အဆုံးသတ်တွင် မိမိနိုင် ငံကို မိမိတို့ပြည်သူများကလွဲပြီး မည်သူကမျှ ကာကွယ်ပေးလိမ့်မည်မဟုတ်ဟု အယ်ခါ လက်က ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent