SME လုပ်ငန်းရှင်များအတွက် စီမံကိန်း-၁ တွင် ဘဏ်ခြောက်ဘဏ်မှတစ်ဆင့် ကျပ် ၁၂၄ ဘီလျံကျော်၊ စီမံကိန်း -၂ တွင် ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ကျပ်၂၇၅ ဘီလျံကျော် ချေးငွေထုတ်ချေးထား

SME လုပ်ငန်းရှင်များအတွက် စီမံကိန်း-၁ တွင် ဘဏ်ခြောက်ဘဏ်မှတစ်ဆင့် ကျပ် ၁၂၄ ဘီလျံကျော်၊ စီမံကိန်း -၂ တွင် ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ကျပ်၂၇၅ ဘီလျံကျော် ချေးငွေထုတ်ချေးထား
MSMEs လုပ်ငန်းများဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ်
MSMEs လုပ်ငန်းများဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ်
Published 26 April 2023

SMEလုပ်ငန်းရှင်များအတွက် စီမံကိန်း -၁ တွင် ဘဏ်ခြောက်ဘဏ်မှတစ်ဆင့် ကျပ် ၁၂၄ ဘီလျံကျော်၊ စီမံကိန်း -၂ တွင် ဘဏ်၁၁ ဘဏ်မှတစ်ဆင့်ကျပ်၂၇၅ ဘီလျံကျော် ချေးငွေထုတ်ချေးထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တို့တွင် ဂျပန်နိုင်ငံမှ ရရှိခဲ့သော SME Two Step Loan များကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါစီမံကိန်းတွင်ပါဝင်သော ဘဏ်များနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအား ဧပြီ ၂၀ ရက်က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ခဲ့သည်။

စီမံကိန်းအဆင့်-၁ တွင် ဘဏ် (၆)ဘဏ်မှ တစ်ဆင့် ၂၀၂၃ ခုနှစ် မတ်လကုန်အထိ SME လုပ်ငန်းရှင် ၅၅၃ ဦးသို့ ချေးငွေ ကျပ် ၁၂၄ ဒသမ ၇၇၈ ဘီလျံထုတ် ချေးခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းအဆင့်-၂ တွင် ဘဏ် (၁၁) ဘဏ်မှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ မတ်လကုန်အထိ SME လုပ်ငန်းရှင် ၁၅၉၅ ဦးသို့ ချေးငွေကျပ် ၂၇၅ ဒသမ ၀၁၁ ဘီလျံထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီးပွားရေးဦးတည်ချက် (၄)ရပ် အနက် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသော ဦးတည်ချက်နှင့်အညီ ဆောင်ရွက်ဖော်ဆောင်ပေးနေခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် နိုင်ငံတော်အတွက် SME လုပ်ငန်းများအတွက် သာမက ပါဝင်ဆောင်ရွက်ပေးသည့်ဘဏ် များအတွက်လည်း အကျိုးကျေးဇူးရရှိစေသည့် စီမံကိန်းဖြစ်ကြောင်း၊ ချေးငွေများကို နေရာဒေသနှင့်လုပ်ငန်းအ မျိုးအစားစုံလင်အောင် ထုတ်ချေးရန်နှင့် ချေးငွေဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် စီမံကိန်း ဒါရိုက်တာနှင့် တက်ရောက်ကြသည့် ဘဏ်များမှ တာဝန်ရှိသူများက စီမံကိန်းအဆင့်-၁ နှင့် အဆင့်-၂တို့၏ Revolving များရှိ လက်ကျန်ငွေရပ်များအား ဆက်လက်ထုတ်ချေးမည့် အခြေအနေနှင့် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

Most Read

Most Recent