မြိတ်မြို့တွင် ရာသီဥတုပူပြင်းပြီး သောက်သုံးရေအခက်အခဲဖြစ်နေသည့် ရပ်ကွက်ကျေးရွာများကို ပရဟိတအသင်းများက ရေလှူဒါန်း

မြိတ်မြို့တွင် ရာသီဥတုပူပြင်းပြီး သောက်သုံးရေအခက်အခဲဖြစ်နေသည့် ရပ်ကွက်ကျေးရွာများကို ပရဟိတအသင်းများက ရေလှူဒါန်း
Published 25 April 2023

မြိတ်မြို့တွင် ရာသီဥတုပူပြင်းပြီး သောက်သုံးရေအခက်အခဲဖြစ်နေသည့် ရပ်ကွက်ကျေးရွာများကို ပရဟိတအသင်းများက ရေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ရာသီဥတုပူပြင်းမှုကြောင့် ရေတွင်းရေကန်များ ခန်းခြောက်မှုဖြစ်လာနေရာ ရပ်ကွက်နှင့် ကျေးရွာတချို့တွင် သောက်သုံးရေအခက်အခဲဖြစ်လာနေကြောင်း သိရသည်။

သောက်သုံးရေခက်ခဲနေသည့် ရပ်ကွက်နှင့် ကျေးရွာတချို့သို့ ပါရမီနာရေးနှင့် ကျန်းမာရေးအထောက်အကူပြုအသင်းမှ ရေသယ်ယာဉ်များဖြင့် လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

မြိတ်မြို့နယ်အတွင်းရှိ ရေပုန်းနယ်မြေ၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက်၊ အဏ္ဏဝါကွက်သစ်ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတချို့နှင့် သီလရှင်ကျောင်းတချို့သို့ ရေဂါလန် ၁၀၅၀၀ ဆံ့ ရေသယ်ကားများ၊ ရေဂါလန် ၂၁၀၀ ဆံ့ ရေသယ်ကားများဖြင့် သွားရောက်လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများအပြင် နယ်ဘက်ရှိ ကျေးရွာများတွင်လည်း ရာသီဥတုပြင်းထန်မှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent