၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၅၂၂၄ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိ

၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၅၂၂၄ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိ
Published 20 April 2023

၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၅၂၂၄ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယ အများဆုံးခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုခွင့်ပြုလုပ်ငန်း ၁၇ ခုနှင့် အတည်ပြုလုပ်ငန်း ၄၄ ခု၊ စုစုပေါင်းလုပ်ငန်း ၆၁ ခုကို ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကျပ် ၁၁၇၁၈၀၃ ဒသမ ၈၀၉ သန်း ခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ငန်း ၁၇ ခု၊ အတည်ပြုလုပ်ငန်းရှစ်ခုတို့ကို ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများက အတည်ပြုလုပ်ငန်းစုစုပေါင်း ၃၆ ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများက ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် ၁၃၆၇၀ ဦးကို ဖန်တီးပေးနိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍ၌ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၈၂၆၉ ဒသမ ၆၃၈ သန်းဖြင့် တတိယအများဆုံးဝင်ရောက်ခဲ့သည်။

ကျန်ကဏ္ဍများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ၇၄ ကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစုပေါင်း ၄၈ ခု ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်းအပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက်ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်းအပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံ ထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်းအပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent