မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင် ဘန်ဂလို လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ် ကိုင်နေသော မြန်မာလုပ်သားတစ်ဦး ဧပြီ ၁၇ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။
အဆိုပါ လုံခြုံရေးဝန်ထမ်း မြန်မာနိုင်ငံ သားအား သေနတ်ဖြင့်ပစ်သတ်ခဲ့ကြသူများ မှာလည်း မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ပြီး သေ နတ်အတိုဖြင့် ပစ်သတ်ကာ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
သေဆုံးသူ လုံခြုံရေးလုပ်သား မြန်မာနိုင် ငံသားမှာ အသက် ၄၂ နှစ်အရွယ်ရှိ ကိုအေး မင်းသန့်ဆိုသူဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများ သေနတ်ကိုင် လူ သတ်သည့်ဖြစ်စဉ်မှာ နောက်ဆက်တွဲအဖြစ် မလိုလားအပ်သော ပြဿနာများဖြစ်လာနိုင် သည့်အတွက် ယခု လုပ်ရပ်ကို ရှုတ်ချကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
“သေနတ်ကိုင်ထားတဲ့ မြန်မာနှစ်ယောက် က ဘန်ဂလိုစောင့်တဲ့ မြန်မာတစ်ယောက်ကို ပစ်သတ်သွားတာ။ ဒါကြောင့် ထိုင်းရဲတပ်ဖွဲ့ က သံသယတရားခံကို ညတွင်းချင်းဖမ်းဆီးရ မိခဲ့ပါတယ်။ နယ်စပ်မဲဆောက်မှာရှိတဲ့ မြန်မာ ကြားထဲမှာတော့ အတော်လေးဂယက်ရိုက် ခတ်လာမှာဖြစ်တယ်။ နဂိုကမှ ငွေညှစ်တောင်း ခံမှုတွေရှိနေတာ။ အခုဆိုရင် လိုတာထက်ပို ပြီးတော့ အခြားမလိုလားအပ်တဲ့ ပြဿနာ တွေ စိန်ခေါ်မှုတွေ ရှိလာမှာဖြစ်တဲ့အတွက် ဒီလိုဖြစ်စဉ်မျိုးကို ရှုတ်ချပါတယ်” ဟု ဦးမိုး ကြိုးက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိ သူ၏နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာ မတွေ့ရှိခြင်းကြောင့် ဖုန်းခြေရာခံ နည်းပညာဖြင့် ဆက်လက်ရှာဖွေရာ ပြစ်မှု ကျူးလွန်သူဟု သံသယရှိသူနှစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။