ဥရောပထိပ်တန်းကလပ်များ စိတ်ဝင်စားနေသော်လည်း နာပိုလီအသင်းတွင် ဆက်လက်ကစားသွားမည်ဟု အိုဆင်မန် အာမခံချက်ပေး

ဥရောပထိပ်တန်းကလပ်များ စိတ်ဝင်စားနေသော်လည်း နာပိုလီအသင်းတွင် ဆက်လက်ကစားသွားမည်ဟု အိုဆင်မန် အာမခံချက်ပေး
Photo: Getty Images
Photo: Getty Images
Published 17 April 2023

ပရီးမီးယားလိဂ်ကလပ်အသင်းများ၊ ဘိုင်ယန်မြူးနစ်နှင့် PSG စသည့် ဥရောပထိပ်တန်းကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်က နာပိုလီအသင်းတွင်သာ ဆက်ကစားသွားမည်ဟု အာမခံချက်ပေးခဲ့သည်။

''ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ ကျွန်တော့်ရဲ့ အိပ်မက် အမှန်တကယ်ဖြစ်အောင် လုပ်ဆောင်တာမှာ ခက်ခဲခဲ့ပါတယ်။  အခုတော့ ကြီးကျယ်ခမ်းနားတဲ့ကလပ်အသင်းတစ်သင်းမှာ ကျွန်တော် ရှိနေပါတယ်။ ကျွန်တော့်ကစားသမားဘဝကလည်း တဖြည်းဖြည်းမြင့်တက်လာတယ်။ အကြီးကျယ်ဆုံးကလပ်အသင်းတွေထဲ တစ်သင်းအပါအဝင်ဖြစ်တဲ့အသင်းမှာ ကျွန်တော် ရောက်နေပါတယ်။ ဒီထက်ပိုပြီးလည်း ထပ်မတောင်းဆိုချင်တော့ပါဘူး။ Forza Napoli အမြဲပါပဲ''ဟု အိုဆင်မန်က ပြောကြားခဲ့သည်။

အိုဆင်မန်သည် ယခုရာသီ စီးရီးအေတွင် ဂိုးအများဆုံးသွင်းထားပြီး သူ၏အသင်းဖြစ်သည့် နာပိုလီမှာလည်း ဒုတိယနေရာမှ လာဇီယိုအသင်းကို (၁၄)မှတ်ဖြတ်ကာ ၁၉၈၇၊ ၁၉၉၀ ခုနှစ်များပြီးနောက် တတိယမြောက်ချန်ပီယံဆု ရယူရန် အနီးကပ်ဆုံးအနေအထားတွင် ရှိနေသည်။

ဥရောပထိပ်တန်းကလပ်အသင်းများသည် အိုဆင်မန်ကိုခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)နှင့်အထက်ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

နာပိုလီအသင်းသည် အိုဆင်မန်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက လိုင်လီအသင်းထံမှ ပြောင်းရွှေ့ကြေး ယူရို(၇၅)သန်းပေးကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အသက် (၂၄)နှစ်သာရှိသေးသည့် အိုဆင်မန်သည် ယခုရာသီပြိုင်ပွဲစုံ ပွဲ(၃၀)တွင် (၂၅)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent