လီဆာ ကြော်ငြာပေးလိုက်သကဲ့သို့ဖြစ်သွားသည့် ထိုင်းရှူဆေးတစ်မျိုး ပစ္စည်းပြတ်သည်အထိ ရောင်းကောင်းခဲ့

လီဆာ ကြော်ငြာပေးလိုက်သကဲ့သို့ဖြစ်သွားသည့် ထိုင်းရှူဆေးတစ်မျိုး ပစ္စည်းပြတ်သည်အထိ ရောင်းကောင်းခဲ့
Photo – KBIZoom
Photo – KBIZoom
Published 7 April 2023

BLACKPINK အဖွဲ့ဝင်လီဆာ၏ အောင်မြင်ကျော်ကြားမှုအရှိန်အဝါကြောင့် ထိုင်းအမှတ်တံဆိပ်ရှူဆေးတစ်မျိုး ပစ္စည်းပြတ်သည့်အထိ ရောင်းအားကောင်းခဲ့သည်။

လီဆာမှမဟုတ်၊ ကျန် BLACKPINK အဖွဲ့ဝင်များကလည်း လူငယ်ပရိသတ်များအပေါ် လွှမ်းမိုးမှုအားကောင်းလွန်းသူများဖြစ်ပြီး ၎င်းတို့ဝတ်ဆင်သည့် ဖက်ရှင်ထည်များ၊ အသုံးအဆောင်များသည် အချိန်တိုအတွင်း ရောင်းကုန်လေ့ရှိသဖြင့် “sold-out stars” ဆိုသည့်နာမည်ပင် အပေးခံထားရသည်။

လတ်တလောတွင် လီဆာ၏ဓာတ်ပုံအချို့၌ ၎င်းကိုင်ထားသည့် ရှူဆေးက ပရိသတ်အကြား ရေပန်းစားနေသည်။ ဇာတိမြို့၌ ပြုလုပ်ခဲ့သည့် ၎င်း၏မွေးနေ့ပါတီတွင် လီဆာက သူငယ်ချင်းများနှင့် ဓာတ်ပုံရိုက်စဉ် ရှူဆေးကို ကိုင်ထားခဲ့သည်။

ရှူဆေးက ဓာတ်ပုံနှစ်ပုံတွင်သာပါခဲ့သော်လည်း ယင်းရှူဆေးကို ထိုင်းလူငယ်ပရိသတ်များက စိတ်ဝင်စားကာ ဆေးဆိုင်များ၌ လိုက်ရှာဝယ်ကြသည်။ အွန်လိုင်းအရောင်းဆိုင်များတွင်လည်း မေးဝယ်ကြပြီး ရှူဆေးထုတ်သည့် ကုမ္ပဏီဝက်ဘ်ဆိုဒ်သို့ပါ လာမှာကြသည်။

တစ်ညတည်းဖြင့် ကုမ္ပဏီက ပစ္စည်းများ ပြတ်သွားပြီဟု ကြေညာလိုက်ပြီး လီဆာကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ ရှူဆေးက Hong Thai တံဆိပ်ဖြစ်ပြီး တန်ဖိုးမှာ ၂၈ ဘတ်ဖြစ်သည်။

လီဆာသည် BVLGARI နှင့်လည်းပူးပေါင်းကာ လက်ပတ်နာရီတစ်မျိုးကို ဗားရှင်းနှစ်မျိုးဖြင့် အရေအတွက်ကန့်သတ်ထုတ်ခဲ့ပြီး တစ်မျိုးက ရောင်းသည့်နေ့ နေ့တစ်ဝက်ထဲဖြင့်   ပစ္စည်းပြတ်သွားခဲ့သည်။ အလားတူ ၎င်းကြော်ငြာသည့် Chanel ၊ Prada နှင့် Celine ဖက်ရှင်ပစ္စည်းများကလည်း ရောင်းကောင်းခဲ့သည်။

Most Read

Most Recent