ဘိုလော့ဂ်နာ - အေစီမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၇:၃၀ နာရီ)
ဘိုလော့ဂ်နာက အသင်းကောင်းတစ်သင်းဖြစ်ပြီး သချာင်္နည်းအရ ဥရောပဝင်ခွင့်မျှော်လင့်ချက်လည်း ရှိတယ်။ အေစီမီလန်က ချန်ပီယံလိဂ်ရှိလို့ ပြည်တွင်းပြိုင်ပွဲကို သိပ်ပြီး အားစိုက်နိုင်ဦးမယ်မထင်ဘူး။ အေစီမီလန် သရေလောက်ပဲ ရဖို့များပါတယ်။
နာပိုလီ - ဗီရိုနာ (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၁၀:၃၀ နာရီ)
နာပိုလီနဲ့ ဗီရိုနာ နှစ်သင်းအကြား ကွာဟချက်က အတော်လေးကြီးမားပါတယ်။ နာပိုလီအသင်း ဘယ်လိုလူစာရင်းပဲ အသုံးပြုပြု ဗီရိုနာထက် အစစအရာရာသာလွန်ပါတယ်။ ပြီးတော့ ဗီရိုနာရဲ့ အဝေးကွင်းခြေစွမ်းကလည်း အားရစရာမရှိပါဘူး။ နာပိုလီ အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရပါမယ်။
အင်တာမီလန် - မွန်ဇာ (မြန်မာစံတော်ချိန် ဧပြီလ ၁၆ ရက် နံနက် ၁:၁၅ နာရီ)
အင်တာမီလန်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ အနေထားကို ရောက်လာတယ်။ ဒါပေမဲ့ အိမ်ကွင်းကစားပုံကတော့ စိတ်ချလို့ရတဲ့ အနေထားမှာ ရှိဆဲပါပဲ။ မွန်ဇာက နောက်တန်းကစားပုံ အားနည်းပြီး အမှတ်လိုအပ်ချက်လည်း မရှိပါဘူး။ အင်တာမီလန် ဂိုးပြတ်နိုင်လိမ့်မယ်။















