အက်စတွန်ဗီလာ - နယူးကာဆယ် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ညနေ ၆:၀၀ နာရီ)
အက်စတွန်ဗီလာက အသင်းတိုင်းကို ဒုက္ခပေးနိုင်တဲ့ အသင်းမျိုးဖြစ်လာတယ်။ နယူးကာဆယ်ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးပြီး သူတို့ရဲ့မျှော်လင့်ချက်ဆီကို သွားဖို့လည်း ကြိုးစားလိမ့်မယ်။ အက်စတွန်ဗီလာကို ကြိုက်တယ်။
ချယ်လ်ဆီး - ဘရိုက်တန် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၈:၃၀ နာရီ)
ဂရေဟမ်ပေါ်တာရဲ့အသင်းဟောင်းနဲ့ ချယ်လ်ဆီးပြန်ရင်ဆိုင်ရမယ်။ လက်ရှိ အနေအထားအရ ချယ်လ်ဆီးက ရလဒ်တွေကျဆင်းနေပြီး ဘရိုက်တန်က ရလဒ်ပိုကောင်းနေတာမှန်တယ်။ ချယ်လ်ဆီးရဲ့ ခြေစွမ်းက စိတ်မချရတာလည်း မှန်တယ်။ ဒါပေမဲ့ ချယ်လ်ဆီးလက်ရှိ ဖြစ်နေတာက ရလဒ်ဆိုးပေမယ့် အခွင့်အရေးကောင်းတွေဖန်တီးနိုင်တဲ့အသင်းမျိုးဖြစ်နေတာ။ ကွန်တေ ပြန်ပါလာတဲ့နောက်ပိုင်းမှာ ချယ်လ်ဆီးရဲ့ ကစားပုံက ပိုပြီးခိုင်မာလာဖို့လည်း ရှိတယ်။ ဘရိုက်တန်ဘက်က စဉ်းစားရင် တော်တော်ကျပ်ပါတယ်။ ချယ်လ်ဆီးနိုင်သွားရင်အံသြစရာမရှိဘူး။
အဲဗာတန် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၈:၃၀ နာရီ)
အဲဗာတန်အသင်းက ရလဒ်ပိုင်းတိုးတက်လာတယ်။ ခြေစွမ်းပိုင်းလည်း မာကျောလာတယ်။ အမှတ်တွေယူလာတယ်။ ဖူလ်ဟမ်အသင်းကတော့ ဖိအားမရှိတဲ့ အခြေအနေမျိုးပါ။ အဲဗာတန်ကိုပဲ ကြိုက်တယ်။
ဆောက်သမ်တန် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၈:၃၀ နာရီ)
ဆောက်သမ်တန်အတွက် လက်ကျန်ပွဲတိုင်းက သေရေးရှင်ရေးချည်းပဲ။ ဒီကြားထဲ ပွဲစဉ်တွေကလည်း ကျပ်တယ်။ ပဲလေ့စ် နဲ့ ကစားမယ့်ပွဲကတော့ မျှော်လင့်ချက်ထားလို့ကောင်းမယ့်ပွဲမျိုးပါ။ ဆောက်သမ်တန်ကို ကြိုက်တယ်။
စပါး - ဘုန်းမောက် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၈:၃၀ နာရီ)
စပါးအသင်းက တော်တော်လေး စိတ်ပူစရာကောင်းတဲ့ အခြေအနေတော့ ဖြစ်တယ်။ လက်ရှိ အခြေအနေရဆိုရင် ဘုန်းမောက်ကိုလည်း အနိုင်ရဖို့ ခက်ခက်ခဲခဲကစားရလိမ့်မယ်။ ဘုန်းမောက်က အမှတ်အရမ်းလိုတယ်။ တစ်ဖက်မှာတော့ အဝေးကွင်းမှာ အားရစရာမရှိဘူး။ စပါး ဒီပွဲတော့ နိုင်သင့်တယ်။
ဝုလ်ဗ် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၈:၃၀ နာရီ)
ဝုလ်ဗ်က ရလဒ်ပိုင်းဆိုးနေပြီး ယုံကြည်မှုလည်း ကျဆင်းနေတယ်။ ဘရန့်ဖို့ဒ်ရဲ့ လက်ရှိခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို မယှဉ်နိုင်ပါဘူး။ ဘရန့်ဖို့ဒ်ကို ကြိုက်တယ်။
မန်စီးတီး - လက်စတာ (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၁၁:၀၀ နာရီ)
မန်စီးတီးက ဒီပွဲကို သေချာပေါက် အမှားမခံဘဲ အနိုင်ကစားလိမ့်မယ်။ လက်စတာက တန်းဆင်းဇုန်အန္တရာယ်ကြောင့် ရုန်းကန်မှာမှန်ပေမယ့် လက်ရှိအနေအထားအရ မန်စီးတီးကို ယှဉ်ကစားနိုင်မယ့် အခြေအနေမရှိသလို ဂိုးမသွင်းနိုင်ဘူး၊ မထိန်းချုပ်နို်င်ဘူး။ မန်စီးတီးဂိုးပြတ်နိုင်မယ်။















