■ ပြင်သစ်လီဂူး ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူး ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 6 April 2023

 

လိုင်ယွန် - ရန်းစ် (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ညနေ ၅:၃၀ နာရီ)

လိုင်ယွန်ကလက်ရှိမှာ ခြေစွမ်းရော၊ ရလဒ်ပါတည်ငြိမ်နေတယ်။ တိုက်စစ်ခံစစ်ဟန်ချက်ညီနေပြီး အိမ်ကွင်းဆိုကစားပုံပို ကောင်းပါတယ်။ ရန်းစ်ခြေမာပေမယ့် သရေပဲ မျှော်လင့်နိုင်မယ်။



အာယက်စီယို - အော်ဇေး (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၇:၃၀ နာရီ)

အာယက်စီယိုက တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့ကြိုးစား နေပေမယ့် ရုန်းကန်နေရဆဲပါ။ အော်ဇေးကလည်း အမှတ်ရအောင်ယူထားဖို့ လိုနေသေးတယ်။ သရေဆိုတာ မျှတပါတယ်။



မောင့်ပယ်လီယာ - တူးလူး (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၇:၃၀ နာရီ)

မောင့်ပယ်လီယာ ရလဒ်တွေဆက်တိုက်ကောင်းနေပေမယ့် ဥရောပဝင်ခွင့်အတွက်မဖြစ်နိုင်တော့ပါဘူး။ တူးလူးကရုန်းကန်နေရတဲ့အခြေအနေပါ။ မောင့်ပယ်လီယာပဲကြိုက်တယ်။



Reims - ဘရက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၇:၃၀ နာရီ)

Reims က ဥရောပဝင်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင် နေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းခြေစွမ်းလည်းမာကျောပါတယ်။ အခုပွဲလည်း Reims ပဲနိုင်ပွဲဆက်ဦးမှာပါ။



ထရွိုင်စ် - ကလယ်မွန့် (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၇:၃၀ နာရီ)

တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်ဖို့ ထရွိုင်စ်တို့ အိမ်ကွင်းမှာ အမှတ်ရဖို့လိုပါတယ်။ ထရွိုင်သရေကစားသွားနိုင်တယ်။

နန့်စ် - မိုနာကို (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၁၁:၃၅ နာရီ)

နိုင်ပွဲပျောက်နေတာကြာပြီဖြစ်တဲ့ နန့်စ်တို့အခုပွဲမှာလည်း မိုနာကိုကို ယှဉ်နိုင်ဖို့မရှိပါဘူး။ မိုနာကိုပဲ ကြိုက်တယ်။

လော်ရီယန့် - မာဆေးလ် (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် နံနက် ၁:၁၅ နာရီ)

မာဆေးလ်က လန်းစ်နဲ့အမှတ်တူ အဆင့် (၃)နေရာမှာရပ်တည်နေပြီး ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့အသင်းတစ်သင်းပါ။ လက်ရှိမှာလည်း ရလဒ်တွေဆက်တိုက်ပြန်ကောင်းနေလို့ ခြေမငြိမ်တဲ့ လော်ရီယန့်ကို အနိုင်ယူဖို့မခက်ခဲနိုင်ပါဦး။ လော်ရီယန့် အိမ်ကွင်းဆိုပေမယ့် မာဆေးလ်ပဲကပ်နိုင်သွားဖို့ရှိတယ်။

Most Read

Most Recent